မဲခေါင်၊ ဧပြီ ၁၈
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ “ဝ” ပြည် ရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံမှ အလိုရှိဝရမ်း ထုတ်ခံထားရသူ ၈ ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၄၈ ဦးကို ဧပြီလ ၁၀ ရက်က တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့ပြီး WSTV က ဖော်ပြသည်။
လွှဲပြောင်းပေးလိုက်သည့် ကျားဖြန့်လုပ်ကိုင်သူ ၄၈ ဦးတွင် တရုတ်နိုင်ငံမှ ဝရမ်းထုတ်ထားသူ ၈ဦး အပါအဝင် တရုတ်နိုင်ငံသား ၂၃ ဦး၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားသား ၂၅ ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့ကိုနယ်စပ်ဂိတ်ရှိရာ ပန်ဆန်းမြို့၊ မုန်းလျန်း(မုန်းအား) တံတားမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း WSTV က ဖော်ပြထားသည်။
UWSA အနေဖြင့် ကျားဖြန့်လုပ်ကိုင်သူများကို တောက်လျောက် ဖမ်းဆီးကာ တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးလျက်ရှိကြောင်း၊ ယခုလွှဲလိုက်သည့် ၄၈ ဦးမှာ ကျားဖြန့်လုပ်ကိုင်သူများသာမကဘဲ ထိန်းချုပ်သူများလည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင်လည်း UWSA မှ တရုတ်နိုင်ငံ အလိုရှိ ကျားဖြန့်ခေါင်းဆောင်၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၆ ဦးတို့ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း WSTV က သတင်းထုတ်ပြန်ထားပါသည်။
#MeKongNews
#ကျားဖြန့်
#UWSA
#ပန်ဆန်း
#တရုတ်နိုင်ငံသား








