နေ့စဥ်သတင်း

စိတ်ကြွဆေးပြား ၁၆၅သန်း ထုတ်နိုင်သည့် ကဖင်း ၁၂ တန်ခွဲ တာချီလိတ်တွင် ဖမ်းမိ

မဲခေါင် 16 Apr - 2025
မဲခေါင်၊ ဧပြီ ၁၆ လာအို – မြန်မာနယ်စပ်မှ မဲခေါင်မြစ်ကြောင်းကို ဖြတ်ကျော်ကာ တာချီလိတ်မြို့နယ်အတွင်း တင်သွင်းလာသည့် ကဖင်း ၁၂တန်ခွဲကို ဧပြီလ ၁၃ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မြန်မာမူးယစ်ရဲတပ်ဖွဲ့နှင့် ထိုင်းအခြေစိုက် Maesai Press တို့တွင် ဖော်ပြသည်။ ဖမ်းဆီးရမိသည့် ကဖင်းများမှာ ဗီယက်နမ်နိုင်ငံထုတ်ဖြစ်ပြီး လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းကာ တာချီလိတ်မြို့နယ်အတွင်း မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း၊ ယင်းကဖင်းများကို ရှမ်းအရှေ့နှင့် ရှမ်းတောင်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စိတ်ကြွဆေးပြားစက်ရုံများသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း Maesai Press က ဖော်ပြထားသည်။ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများထည့်ထားသည့် အိတ်ပေါင်း ၅၀၀ ကို ဖမ်းမိခြင်းဖြစ်ပြီး အလေးချိန်

မဲခေါင်၊ ဧပြီ ၁၆

လာအို – မြန်မာနယ်စပ်မှ မဲခေါင်မြစ်ကြောင်းကို ဖြတ်ကျော်ကာ တာချီလိတ်မြို့နယ်အတွင်း တင်သွင်းလာသည့် ကဖင်း ၁၂တန်ခွဲကို ဧပြီလ ၁၃ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မြန်မာမူးယစ်ရဲတပ်ဖွဲ့နှင့် ထိုင်းအခြေစိုက် Maesai Press တို့တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသည့် ကဖင်းများမှာ ဗီယက်နမ်နိုင်ငံထုတ်ဖြစ်ပြီး လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းကာ တာချီလိတ်မြို့နယ်အတွင်း မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း၊ ယင်းကဖင်းများကို ရှမ်းအရှေ့နှင့် ရှမ်းတောင်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စိတ်ကြွဆေးပြားစက်ရုံများသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း Maesai Press က ဖော်ပြထားသည်။

စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများထည့်ထားသည့် အိတ်ပေါင်း ၅၀၀ ကို ဖမ်းမိခြင်းဖြစ်ပြီး အလေးချိန် ၁၂ . ၅ တန်ရှိကြောင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်ကွက်သစ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း၊ ဧပြီ ၁၃ရက် ညနေ ၃ နာရီခွဲအချိန် ကဖင်းအိတ်များအား ဆမ်ဖူးရွာနှင့် နမ့်ဖုန်းရွာကြားရှိ ဘုရားလေးရေဆိပ်မှ သယ်ဆောင်၍ တာဝန်ခံသိုလှောင်ထားသူ အောင်ကျော်ဌေး (ခ)ကျော်ထွေးအား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်(နို)ကျေးရွာရှိ ၎င်း၏ နေအိမ်တွင်လည်းကောင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ကဖင်းများသယ်ဆောင်ပေးသူများဖြစ်သည့် စိုးမင်းထွန်း(ခ)နောင်ပိုင်စိုး နှင့် မြင့်ဝင်း(ခ)ဦးဝင်း တို့အား တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများ ပိုင်ရှင်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာနေ အိုက်အွန်(ခ)အိုက်ကျိုင်း ဖြစ်ကြောင်း မြန်မာမူးယစ်တပ်ဖွဲ့ – CCDAC Myanmar ကလည်း ထုတ်ပြန်သည်။

ကဖင်းများကို မြန်မာ-လာအိုနယ်စပ်၊ မဲခေါင်မြစ်ကြောင်းမှ စက်လှေဖြင့်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် တာချီလိတ်မြို့သို့ တရားမဝင်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကဖင်းတစ်တန်လျှင် စိတ်ကြွဆေးပြား ၁၃သန်း ထုတ်လုပ်နိုင်သည့်အတွက် ယခုဖမ်းဆီးရမိသည့် ပမာဏမှာ စိတ်ကြွဆေးပြား ၁၆၅သန်း ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်ကြောင်း CCDAC Myanmar ၏ ထုတ်ပပြန်ချက်အရသိရသည်။

Source – CCDAC Myanmar, Maesai Press
#MeKongNews
#စိတ်ကြွဆေးပြား
#တာချီလိတ်
#MaesaiPress
#မဲခေါင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now