မဲခေါင်၊ ဧပြီ ၁၂
တစ်ကမ္ဘာလုံးမှ ပြည်ပခရီးသွားအများဆုံးလာရောက်ဆင်နွှဲရန် အားခဲထားသော ဆုန်ကရန်သင်္ကြန် အကြိုရက်တွင် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့၌ နိုင်ငံခြားသားတစ်ဦးထံမှ ထိုင်းရဲအရာရှိများ ဘတ် ၅၀၀ တောင်းသညည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံသွားရာမှ ချွန်ဘူရီခရိုင်ရဲမှူးမှ စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းဗီဒီယိုဖိုင်ကို တင်ခဲ့သည့် လူမှုကွန်ရက်အကောင့်မှာ tolgassecret ဆိုသည့်အကောင့်ဖြစ်ပြီး ထိုင်းရဲများ နှစ်ရှည်လများ အကျင့်ပျက် ငွေတောင်းခံမှုပုံရိပ်ဆိုးကို သင်္ကြန်အကြို ပြည်ပခရီးသွားမျှော်ကာလတွင်မှ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခြင်းကြောင့် ထိုင်းနိုင်ငံ ပုံရိပ်ကျဆင်းရသဖြင့် ဧပြီ ၁၁ ရက်နေ့က ချွန်ဘူရီခရိုင်ရဲမှူမှ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ရာ ရဲအရာရှိ ၂ ဦးကို ချောင်ဘူရီခရိုင်ရဲ စစ်ဆင်ရေးဌာနသို့ ခေါ်ယူ စစ်ဆေးစေသည်ဟု သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းရဲတပ်ဖွဲ့
#ဆုန်ကရန်
#ပတ္တယား
#ငွေညှစ်








