နေ့စဥ်သတင်း

ထိုင်းတွင် သင်္ကြန်ပထမရက်၌ပင် မတော်တဆမှု ၂၁၁ မှုဖြစ်ကာ ၂၇ ဦးသေဆုံး

မဲခေါင် 12 Apr - 2025
မဲခေါင်၊ ဧပြီ ၁၂ ထိုင်းနိုင်ငံတွင် ရွှေမဟာသင်္ကြန်နှစ်အဖြစ် ယခုနှစ်ဆုန်ကရန်ပွဲတော်ရက်သတ္တပတ်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားရာ ပထမဆုံးရက်မှာပင် မတော်တဆမှု ၂၁၁ မှုဖြစ်ပွားရာမှ ၂၇ ဦးသေဆုံး ပြီး၂၀၁ ယောက် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဘန်ကောက်တွင် အများဆုံးသေဆုံးမှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့သည်။ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၊ လမ်းမတော်တဆမှု ကာကွယ်ရေးနှင့် လျော့ပါးရေးဗဟိုဌာနမှ ဆုန်ကရန်ကာလအတွင်း အဓိက အသေအပျောက်အများဆုံးမှာ ယာဉ်မတော် တဆမှုများမှဖြစ်ခြင်းကြောင်း ယာဉ်မတော်တဆမှု အနည်းဆုံးဖြစ်စေရေး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အေဂျင်စီများသာမက ပြည်သူများကပါ သတိပြုဆင်ခြင်းစရာများကို လှုံ့ဆော်ကြရန်ထိုင်းကျန်မာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကန်ကာဝင်ပွန်က ပြောဆို သွားခဲ့သည်။ ယာဉ်မတော်တဆမှုအများဆုံးတွင် ယာဉ်မောင်း၏

မဲခေါင်၊ ဧပြီ ၁၂

ထိုင်းနိုင်ငံတွင် ရွှေမဟာသင်္ကြန်နှစ်အဖြစ် ယခုနှစ်ဆုန်ကရန်ပွဲတော်ရက်သတ္တပတ်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားရာ ပထမဆုံးရက်မှာပင် မတော်တဆမှု ၂၁၁ မှုဖြစ်ပွားရာမှ ၂၇ ဦးသေဆုံး ပြီး၂၀၁ ယောက် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘန်ကောက်တွင် အများဆုံးသေဆုံးမှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့သည်။

ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၊ လမ်းမတော်တဆမှု ကာကွယ်ရေးနှင့် လျော့ပါးရေးဗဟိုဌာနမှ ဆုန်ကရန်ကာလအတွင်း အဓိက အသေအပျောက်အများဆုံးမှာ ယာဉ်မတော် တဆမှုများမှဖြစ်ခြင်းကြောင်း ယာဉ်မတော်တဆမှု အနည်းဆုံးဖြစ်စေရေး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အေဂျင်စီများသာမက ပြည်သူများကပါ သတိပြုဆင်ခြင်းစရာများကို လှုံ့ဆော်ကြရန်ထိုင်းကျန်မာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကန်ကာဝင်ပွန်က ပြောဆို သွားခဲ့သည်။

ယာဉ်မတော်တဆမှုအများဆုံးတွင် ယာဉ်မောင်း၏ အပြုအမူအကျင့်စရိုက်ကြောင့် ဖြစ်ကာ သေဆုံးမှုများရခြင်းဖြစ်သည့်အတွက် ယာဉ်မောင်းများ အထူးသတိပြုရန်၊ အရက်နှင့်ဘီယာများကို သတ်မှတ်ဥပဒေနှင့်အညီ ရောင်းချကာ အသက် ၂၀ အောက်လူငယ်များကို မရောင်းချရေး ဒေသဆိုင်ရာ မိဘပြည်သူများကပါ ထိန်းမတ်ပေးဖို့ လိုကြောင်းထုတ်ပြန်ထားသည်။

ထို့ပြင် ယာဉ်များ သတ်မှတ်အရှိန်ထက်ပိုမမောင်းစေရန် အတွက်လည်း ပွဲတော်ကာလတွင် GPS စနစ်များ ၂၄ နာရီအပြည့် အလုပ်လုပ်စေရန် လမ်းညွှန်ထားပြီး ဖြစ်ကြောင်း၊ ဆုန်ကရန်သင်္ကြန်ရက်များဖြစ်သည့် ဧပြီ ၁၂ မှ ၁၄ ရက်အတွင်း မြောက်ပိုင်းဒေသများ တွင်လည်း မိုးကြိုးမုန်တိုင်းများရှိမည်ဟု ခန့်မှန်းထုတ်ပြန်ထားပြီးဖြစ်သဖြင့် အထူးသတိပြုနေထိုင်ကြရန်ပါ ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: amarintv
#MeKongNews
#သင်္ကြန်
#ဆုန်ကရန်
#ယာဉ်တိုက်မှု
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now