မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ – အောင်ပန်းလမ်းမဘေး တစ်နေရာတွင် ဓနုပြည်နယ်ကာကွယ်ရေးတပ်တော် – DSNDA မှ စစ်ဆေးရေးပြုလုပ်နေစဉ် ကားပေါ်မှဆင်းပြေသူကို အသေပစ်ခတ်ဖမ်းဆီးရာ ဗိုလ်ကြီး အဆင့်ရှိသူ စစ်ကောင်စီအရာရှိတစ်ဦး ဖြစ်ကြောင်း DSNDA မှ သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ၁၁ရက် မနက် ၆နာရီခွဲခန့်တွင် DSNDA ရဲဘော်များမှ စစ်ဆေးရေးလုပ်ဆောင်နေစဉ် မသင်္ကာ သဖြင့် ကားပေါ်မှ ဆင်းခိုင်းရာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းထံမှ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ဖုန်းနှင့် ငွေသားများသိမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။
“ဒါဒီနှစ်အတွင်း ပထမဆုံးရှင်းလင်းနိုင်တာပါ။ ကျနော်တို့က အထိအခိုက်မရှိပါဘူး” DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာာဝန်ခံ ဆရာကျားပျံက မဲခေါင်ကိုပြောသည်။
သိမ်းဆီးရရှိသောအချက်လက်နှင့် မြေပြင်စုံစမ်းချက်အရ ထိုသူသည်ဗိုလ်ကြီးအဆင့်ရှိသူ မျိုးဇော်သန်းဖြစ်ပြီး ရွာငံအမြောက်ဖက် မြို့ထွက်ဂိတ်တွင် အာဏာအရှိဆုံး ဖြစ်ကြောင်းသိရသည်။
စစ်ခေါင်းဆောင် ယနေ့ ကလောသို့ရောက်ရှိနေစဥ် ၎င်း၏အရာရှိအဆင့် ကို ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#MeKongNews
#DSNDA
#ရွာငံ
#ဓနုပြည်နယ်ကာကွယ်ရေးတပ်တော်
#မျိုးဇော်သန်း








