ကမ္ဘာ့သတင်း

ထရမ့် အခွန်စည်းကြပ်မှု ရက် ၉၀ ရပ်ဆိုင်းပေးပြီးနောက် အီးယူကပါ တန်ပြန်စည်းကြပ်မှုကို ရက် ၉၀ ရွှေ့ဆိုင်းပေး

မဲခေါင် 11 Apr - 2025
မဲခေါင်၊ ဧပြီ ၁၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်း နိုင်ငံအများစုအား သွင်းကုန် စည်းကြပ်ခွန်များ များစွာ မြှင့်တင်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း စတော့ရှယ်ယာစျေးကွက်များ ကမောက်ကမကျဆင်းကုန်ပြီး ရင်းနှီးမြှုပ်နှံသူများဘက်မှ တန်ပြန်ရန် ကမ္ဘာတစ်ဝန်း စီစဉ်လာကြရာ ဧပြီ ၉ ရက်နေ့တွင် ထရမ့်က အခွန်စည်းကြပ်မှုအသစ်များကို ရက် ၉၀ ကြာ ရပ်ဆိုင်းကြောင်း ကြေညာသွားခဲ့သည်။ ထိုသို့ ရပ်ဆိုင်းပေးခြင်းတွင် အဓိကကုန်သွယ်စီးပွားပြိုင်ဘက်ကြီး တရုတ်ကိုမူ ကင်းလွတ်ခွင့်မပေးဘဲ တရုတ်ဘက်က ကုန်သွယ်ခွန် ၈၅ ရာခိုင်နှုန်း ပြန်လည်တိုးမြှင့်ခြင်းကို ထရမ့်ဘက်က ၁၂၅ ရာခိုင်နှုန်းအထိ ထပ်မံ မြှင့်တင်သတ်မှတ်ခဲ့ပြန်သည်။ ထိုအခြေအနေတွင် နောက်တစ်ပတ်အတွင်း ထရမ့်ကို တန်ပြန်အခွန်စည်းကြပ်တုံ့ပြန်ရန် အဖွဲ့ဝင်နိုင်ငံ အများအပြားက လက်ခံထားပြီးဖြစ်သည်ဟု

မဲခေါင်၊ ဧပြီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်း နိုင်ငံအများစုအား သွင်းကုန် စည်းကြပ်ခွန်များ များစွာ မြှင့်တင်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း စတော့ရှယ်ယာစျေးကွက်များ ကမောက်ကမကျဆင်းကုန်ပြီး ရင်းနှီးမြှုပ်နှံသူများဘက်မှ တန်ပြန်ရန် ကမ္ဘာတစ်ဝန်း စီစဉ်လာကြရာ ဧပြီ ၉ ရက်နေ့တွင် ထရမ့်က အခွန်စည်းကြပ်မှုအသစ်များကို ရက် ၉၀ ကြာ ရပ်ဆိုင်းကြောင်း ကြေညာသွားခဲ့သည်။

ထိုသို့ ရပ်ဆိုင်းပေးခြင်းတွင် အဓိကကုန်သွယ်စီးပွားပြိုင်ဘက်ကြီး တရုတ်ကိုမူ ကင်းလွတ်ခွင့်မပေးဘဲ တရုတ်ဘက်က ကုန်သွယ်ခွန် ၈၅ ရာခိုင်နှုန်း ပြန်လည်တိုးမြှင့်ခြင်းကို ထရမ့်ဘက်က ၁၂၅ ရာခိုင်နှုန်းအထိ ထပ်မံ မြှင့်တင်သတ်မှတ်ခဲ့ပြန်သည်။

ထိုအခြေအနေတွင် နောက်တစ်ပတ်အတွင်း ထရမ့်ကို တန်ပြန်အခွန်စည်းကြပ်တုံ့ပြန်ရန် အဖွဲ့ဝင်နိုင်ငံ အများအပြားက လက်ခံထားပြီးဖြစ်သည်ဟု ဆိုထားသော ဥရောပသမဂ္ဂကလည်း ထရမ့်၏ တစ်နိုင်ငံချင်းစီနှင့် အခွန်စည်းကြပ်မှုနှုန်းထား ပြန်လည်ဆွေးနွေးသတ်မှတ်ရန် သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်မှုကို ရက် ၉၀ ရပ်ဆိုင်းပေးခဲ့ခြင်းအား ကြိုဆိုကြောင်း၊ ထို့ကြောင့် တန်ပြန်အခွန်မြှင့်တင်စည်းကြပ်ခြင်းကို ရက် ၉၀ ပြန်လည်ရွှေ့ဆိုင်းပေးကြောင်း၊ သို့သော် ဆွေးနွေးမှုတွင် ကျေနပ်နိုင်မှုမရှိပါက တန်ပြန်တိုင်းတာတုံ့ပြန်မှုလုပ်ရန် အားလုံးတိုင်ပင်ဆွေးနွေး စီမံကိန်းချမှုများ ဆက်လက် လုပ်ဆောင်နေဦးမည်ဟု ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဌ ဗွန်ဒါလင်းက လူမှုကွန်ရက် X တွင် ဧပြီ ၁၀ ရက်၌ ရေးသား အသိပေးသွားခဲ့သည်။

ကိုကလင်း
Ref:aa[dot]com
#MeKongNews
#ဒေါ်နယ်ထရမ့်
#စည်းကြပ်ခွန်
#အီးယူ
#ဥရောပ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now