နေ့စဥ်သတင်း

အင်းလေးတွင် ငလျင်ဒဏ်သင့်ရွာအချို့ အကူအညီမရသေး

မဲခေါင် 8 Apr - 2025
မဲခေါင်၊ ဧပြီ ၈ အင်းလေးဒေသမှ ငလျင်ဒဏ်သင့်ရွာအချို့ ငလျင်သင့်ပြီး ၁၀ ရက်ကျော် ကြာသည်အထိ အကူအညီများ မရရှိသေးသဖြင့် ရေသန့်မှအစ နေစရာတဲအိမ်အထိ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ အခက်အခဲကြုံနေသည့် ကျေးရွာများမှာ သာလေး၊ အိုးကုန်း၊ လယ်ခြေ စသည့် ဖော်တော်ဦးဘုရား တောင်ဘက်ရွာများဖြစ်ပြီး စေတနာရှင်ကူညီသူများ လာရောက်မှု မရှိသလောက် နည်းပါးသဖြင့် ရေသန့်မှအစ လိုအပ်ချက်များ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ “ပျက်စီးသေဆုံးစာရင်းတွေ မီဒီယာတွေက ဖော်ပြလာတာမှာ ကျမတို့ရွာတွေမပါဘူး။ လှူသူ အနည်းအကျဥ်းပဲ၊ ခုထိရေသန့် ၂ ဘူး၊ ခေါက်ဆွဲခြောက် ဒါလေးပဲ ရဘူးတယ်။ မိုးကလည်း စရွာလာတော့ မိုးကာတွေကမလုံနဲ့ အားလုံးကြောက်နေကြတယ်” ဟု

မဲခေါင်၊ ဧပြီ ၈

အင်းလေးဒေသမှ ငလျင်ဒဏ်သင့်ရွာအချို့ ငလျင်သင့်ပြီး ၁၀ ရက်ကျော် ကြာသည်အထိ အကူအညီများ မရရှိသေးသဖြင့် ရေသန့်မှအစ နေစရာတဲအိမ်အထိ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

အခက်အခဲကြုံနေသည့် ကျေးရွာများမှာ သာလေး၊ အိုးကုန်း၊ လယ်ခြေ စသည့် ဖော်တော်ဦးဘုရား တောင်ဘက်ရွာများဖြစ်ပြီး စေတနာရှင်ကူညီသူများ လာရောက်မှု မရှိသလောက် နည်းပါးသဖြင့် ရေသန့်မှအစ လိုအပ်ချက်များ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ပျက်စီးသေဆုံးစာရင်းတွေ မီဒီယာတွေက ဖော်ပြလာတာမှာ ကျမတို့ရွာတွေမပါဘူး။ လှူသူ အနည်းအကျဥ်းပဲ၊ ခုထိရေသန့် ၂ ဘူး၊ ခေါက်ဆွဲခြောက် ဒါလေးပဲ ရဘူးတယ်။ မိုးကလည်း စရွာလာတော့ မိုးကာတွေကမလုံနဲ့ အားလုံးကြောက်နေကြတယ်” ဟု အိုးကုန်း ရွာခံတစ်ဦးက မဲခေါင်ကိုပြောသည်။

စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် သလေးအုပ်စုတွင်ပါဝင်သော ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းရွာများဖြစ်သည့် သာလေး၊ အိုးကုန်း၊ လယ်ခြေ၊ ဖွဲ့ကုန်း၊ ကန့်လန့်ရွာများရှိ အိမ်ခြေ ၃၇၁ အိမ်အနက် ပြိုလဲ ၃၁ အိမ်၊ ပျက်စီး ၁၂၁ အိမ်နှင့် သေဆုံး ၃ ဦး၊ ဒဏ်ရာရ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာများတွင် အားထားရသည့်ရေသန့်စက်မှာလည်း ပျက်စီးသွားသည့်အတွက် သောက်သုံးရေလည်း လိုအပ်သလို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်းများလည်း လိုအပ်နေကြောင်း၊ လက်ရှိတွင် စာသင်ကျောင်းများ၌ စုပေါင်းနေထိုင်ကြသူများ ရှိသလို အိမ်အပျက်များမှ ရရာအစိတ်အပိုင်းများဖြင့် တဲဆောက်ပြီး နေထိုင်ကြသူများလည်းရှိကြောင်း သိရသည်။

“ရွာတွေက ဖောင်တော်ဦးဘုရားမှာ ပန်းရောင်းရင်းရပ်တည်ကြတဲ့သူတွေ များတော့ ရေဘေးရော၊ ငလျင်ရောမှာ ဝင်ငွေမရှိ အလုပ်မရှိနဲ့ ဆင်းရဲပြီး အတော်ခက်ခဲနေကြတယ်။ ခုလည်း ပြိုပျက်စီးတဲ့ အိမ်တွေ ပြန်ဆောက်ဖို့ ဝါးကအစ သောက်ဖို့ရေသန့်၊ ပိုက်ဆံတွေ မရှိကြဘူး” ဟု ကူညီရေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်သည့် စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများပြီး နေအိမ် ၂၀၀၀ ကျော်ပြိုကျပျက်စီးကာ လူ ၁၀၀ ကျော်သေဆုံးကြောင်း စာရင်းကောက်ခံမှုများအရ သိရပြီး ယခုကျေးရွာများကဲ့သို့ အလှူရှင်လက်လှမ်းမမှီသည့် ကျေးရွာများလည်း ရှိနေဆဲဖြစ်သည်။

မဟာ
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#အကူအညီလိုအပ်
#ရေသန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now