မဲခေါင်၊ ဧပြီ ၈
ဧပြီ ၅ ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည့် ရင်းမ်(Ream) ရေတပ်အခြေစိုက် စခန်းသစ်မှာ တရုတ်အကူအညီဖြင့် တည်ဆောက်တိုးချဲ့ထားခြင်းဖြစ်သော်လည်း တရုတ်ရေတပ်အခြေစိုက်စခန်းသီးသန့်မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ထပ်မံငြင်းဆိုသွားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံကို အထူးအကူအညီပေးနေသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မကြာသေးမီလပိုင်း အတွင်းကပင် ယင်းဆိပ်ကမ်းသစ်သို့ တရုတ်ဘက်မှ စစ်သင်္ဘော ၂ စီးလက်ဆောင်ပေးခဲ့ကြောင်းနှင့် အမေရိကန်အစိုးရက ယင်းရေတပ်သည် တရုတ်၏ မဟာဗျူဟာအခြေစိုက်စခန်းသာဖြစ်မည်ဟု သုံးသပ်ထားသည်။
နောက် ၂ ပတ်အကြာတွင်လည်း ကမ္ဘောဒီးယားသို့ အလည်အပတ်ရောက်ရှိလာ ဦးမည်ဖြစ်ရာ ကမ္ဘောဒီးယားသည် တရုတ်ကို ဆိပ်ကမ်း အခြေစိုက်ခွင့်ပေးမည့်အရေး အမေရိကန်ဘက်မှ ပိုမို ဂရုတစိုက်စောင့်ကြည့်နေသည်။
သို့သော် ဟွမ်မာနက်က မိမိတို့နိုင်ငံနှင့်ရင်းနှီးသည့်မည်သည့်နိုင်ငံမှ သင်္ဘောများမဆို ရင်းမ် ဆိပ်ကမ်းသို့ လည်ပတ်ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ဂျပန်သင်္ဘောတစ်စီး ဆိုက်ကပ်လာဦးမည်ဖြစ်ကာ တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ ရေတပ်ပူးပေါင်းလေ့ကျင့်ရေး၊ နည်းပညာအဆင့်မြှင့် တင်ရေးလုပ်ငန်းစဉ်များကိုလည်း ထို ဆိပ်ကမ်းတွင် အခြေစိုက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ဆိပ်ကမ်းဖွင့်ပွဲနေ့နှင့်တိုက်ဆိုက်စွာပင် ရင်းမ်ဆိပ်ကမ်း သည် တရုတ်-ကမ္ဘောဒီးယား အခြေစိုက်စခန်း ပူးတွဲထောက်ပံ့ရေးနှင့် လေ့ကျင့်ရေးစင်တာဖွင့်ပွဲဟု ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုတန်ပြန်ရေး၊ ကပ်ဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များပေးရေး နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ရေး စခန်းဖြစ်ကြောင်းနှင့် ထိုအစီ အစဉ်များလုပ်ဆောင်နိုင်ရေး နှစ်နိုင်ငံစလုံးမှ လိုအပ်သူများ အခြေစိုက်နေထိုင်သွားမည်ဟု ထုတ်ပြန် ခဲ့သည်။
ကိုကလင်း
Ref: khaosodenglish
#MeKongNews
#ကမ္ဘောဒီယား
#ရေတပ်စခန်း
#တရုတ်နိုင်ငံ
#အမေရိကန်








