မဲခေါင်၊ ဧပြီ ၇
အမေရိကန်စံတော်ချိန် ဧပြီ ၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်သည့် သူဌေးဝါဒဦးစားပေးကာ ဒီမိုကရေစီအခြေခံစံနှုန်းများ၊ လူမှုအဖွဲ့အစည်းစောင့်ရှောက်ရေးမူဝါဒများကို ချိုးဖောက်နေမှုအပေါ် လက်မခံနိုင်ကြောင်း အမေရိကန်နိုင်ငံတစ်ဝန်း ပြည်နယ် ၅၀ လုံး၌ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဆန္ဒပြပွဲပေါင်း ၁၄၀၀ ကျော် ဆင်နွှဲခဲ့ကြသည်။
ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတဖြစ်လာပြီးနောက် မော်ဒန်သမိုင်းတွင် အကြမ်းဆုံး အာဏာချုပ်ကိုင်လွှမ်းမိုးမှုအဖြစ် ဘီလျံနာသူဌေး အီလွန်မာ့စ်နှင့်ပေါင်းပြီး လူမှုလုံခြုံရေး၊ ကူညီကယ်ဆယ်ရေး၊ ဆေးဘက်နှင့် အရပ်ဘက်၊ အစိုးရပိုင်း အေဂျင်စီပေါင်းများစွာကို ဖျက်သိမ်းခြင်း၊ ဝန်ထမ်းများစွာကို အလုပ်ဖြုတ်ခြင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ရပ်စဲခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအပေါ် သွင်းကုန်အခွန်မြင့်မားစွာ တိုးမြှင့်သတ်မှတ်ခြင်းများကြောင့် လူထုအုံကြွ ဆန္ဒပြမှုသည် အမေရိကန်တစ်နိုင်ငံလုံးရှိ ပြည်နယ် ၅၀ ၌ ဆန္ဒပြစုဝေးရာ နေရာပေါင်း ၁၄၀၀ ကျော် ရှိခဲ့ရာတွင် နေရာတိုင်း၌ မတူကွဲပြားအဖွဲ့အစည်းများပင်လျှင် ပေါင်းစည်းဆန္ဒပြမှုများရှိသလို ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းများလည်း ဆန္ဒပြမှုများ၌ ပါဝင်ခဲ့သည်။
ထရမ့်၏ ပေါ်လစီသည် အခြေခံလူသားအခွင့်အရေးများနှင့် ဒီမိုကရေစီအခြေခံစံနှုန်းများထက် သူဌေး ဝါဒကိုသာ တစ်ဖက်စောင်းနင်း ဦးစားပေးနေခြင်းအပေါ် မကျေနပ်ဘဲ အုံကြွမှုသည် အာဏာရှင် အပေါ် အခြေခံလူတန်းစားအာဏာက လက်မခံနိုင်သည်ကို အင်းအားပြသည့် ပြယုဂ်ဖြစ်ကြောင်း ဆန္ဒပြသူ များက လက်ရှောင် (Hands Off!) ဆိုသည့် ဟစ်ကြွေးသံများနှင့်အတူ ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှု များသည် အမေရိကန်ပြည်တွင်းတွင်သာမက ဘာလင်နှင့်လန်ဒန်ကဲ့သို့သော ဥရောပ ထိပ်သီးနိုင်ငံ မြို့ ကြီးများအထိပါ ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ဒေါ်နယ်ထရမ့်၏ သမ္မတ ရာထူး တည်မြဲနိုင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့သည်။
ကိုကလင်း
#MeKongNews
#ဒေါ်နယ်ထရမ့်
#အမေရိကန်
#ဆန္ဒပြပွဲ
#သူဌေးဦးစားပေး








