မဲခေါင်၊ ဧပြီ ၆
ထိုင်းနိုင်ငံမှ သွင်းကုန်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သွင်းကုန်အခွန်စည်းကြပ်မှုနှုန်း ၃၆ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ဒုဝန်ကြီးချုပ်၊ ဘဏ္ဍာရေး ဝန်ကြီးတို့နှင့်အတူ အမေရိကသို့သွားရောက်ပြီး ဒေါ်နယ်ထရမ့်နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း ဧပြီ ၆ ရက်တွင် ထုတ်ပြန်သည်။
ယခင် ထိုင်းနိုင်ငံမှ အမေရိကသို့တင်သွင်းသည့် ပို့ကုန်အများစုမှာ အခွန် သုံည ရာခိုင်နှုန်းသာ သတ်မှတ်ထားရာမှ ဒေါ်နယ်ထရမ့်၏ ကမ္ဘာနှင့်ချီသော ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင် မူဝါဒကြောင့် နိုင်ငံအသီးသီးကို သွင်းကုန်အခွန်စည်းကြပ်မှုများ များစွာ မြှင့်တင်လိုက်ရာ ထိုင်းနိုင်ငံအနေဖြင့် ၃၆ ရာခိုင် နှုန်း အခွန်စည်းကြပ်ပါက ဘတ် ဘီလီယံ ၈၀၀ နှင့် ၉၀၀ ကြား နစ်နာမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းစက်မှုလုပ်ငန်းရှင်များ အစည်းအရုံးအစည်းအဝေးပွဲတွင် တွက်ချက သုံးသပ်ခဲ့ကြသည်။
ထို့ကြောင့် ပေထောင်တန်က အမေရိကန်သည် ထိုင်းနှင့် မဟာမိတ်နိုင်ငံ ဖြစ်သလို စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သော နိုင်ငံဖြစ်သောကြောင့် ထိုင်းနိုင်ငံအကျိုးစီးပွားအတွက် ဒေါ်နယ်ထရမ့်နှင့်သွားရောက်တွေ့ဆုံ ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာရှဒေသများသို့လည်း စျေးကွက်သစ်များ ရှာဖွေနိုင်ရန် ကြိုးစားမည်ဟု ထုတ်ပြန်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#အမေရိကန်
#အခွန်
#ထရမ့်








