နေ့စဥ်သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ခဲ့သည့်ဓာတ်ပုံ ဘူတန်ဝန်ကြီးချုပ် ပြန်ဖြုတ်ချ

မဲခေါင် 5 Apr - 2025
မဲခေါင်၊ ဧပြီ ၅ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်သည့် BIMSTEC (ဘင်းမ်စတက်) အစည်းအဝေးအတွင်း စစ်ခေါင်းဆောင်မင်းလှိုင်အောင်နှင့် သီးသန့်တွေ့ဆုံးခဲ့သည့် ဓာတ်ပုံကို ဘူတန်ဝန်ကြီးချုပ်က သူ၏ လူမှုကွန်ယက် (Facebook) ပေါ် ဖော်ပြခဲ့မှုတွင် ဝေဖန်သည့် မှတ်ချက်အများအပြား ရရှိခဲ့ပြီးနောက် ယနေ့ (ဧပြီ ၅) က ပြန်ဖြုတ်ချသွားသည်။ ဘူတန်နိုင်ငံဝန်ကြီးချုပ် Tshering Tobgay သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဧပြီ ၄ ရက်တွင် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံမှုကို စစ်ကောင်စီမီဒီယာများတွင် ဖော်ပြခဲ့သလို ဘူတန်ဝန်ကြီးချုပ်၏ ဖေ့ဘုတ်တွင်လည်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖော်ပြမှုတွင် မှတ်ချက်ပေါင်းတစ်သိန်း၊ Like တစ်သိန်းခွဲခန့်ရှိခဲ့ပြီး အများစုသည် ဝေဖန်သည့် မှတ်ချက်များနှင့် Angry React

မဲခေါင်၊ ဧပြီ ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်သည့် BIMSTEC (ဘင်းမ်စတက်) အစည်းအဝေးအတွင်း စစ်ခေါင်းဆောင်မင်းလှိုင်အောင်နှင့် သီးသန့်တွေ့ဆုံးခဲ့သည့် ဓာတ်ပုံကို ဘူတန်ဝန်ကြီးချုပ်က သူ၏ လူမှုကွန်ယက် (Facebook) ပေါ် ဖော်ပြခဲ့မှုတွင် ဝေဖန်သည့် မှတ်ချက်အများအပြား ရရှိခဲ့ပြီးနောက် ယနေ့ (ဧပြီ ၅) က ပြန်ဖြုတ်ချသွားသည်။

ဘူတန်နိုင်ငံဝန်ကြီးချုပ် Tshering Tobgay သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဧပြီ ၄ ရက်တွင် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံမှုကို စစ်ကောင်စီမီဒီယာများတွင် ဖော်ပြခဲ့သလို ဘူတန်ဝန်ကြီးချုပ်၏ ဖေ့ဘုတ်တွင်လည်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖော်ပြမှုတွင် မှတ်ချက်ပေါင်းတစ်သိန်း၊ Like တစ်သိန်းခွဲခန့်ရှိခဲ့ပြီး အများစုသည် ဝေဖန်သည့် မှတ်ချက်များနှင့် Angry React များ ပေးခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဘူတန်ဝန်ကြီးချုပ်က ထိုတွေ့ဆုံမှုကို ယနေ့တွင် ပြန်ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်မှတ်တမ်းဓာတ်ပုံကို ပြန်ဖြုတ်ချခဲ့သော်လည်း အိန္ဒိယဝန်ကြီးချုပ်၊ နီပေါဝန်ကြီးချုပ်၊ သီရိလင်္ကာဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံသည့် မှတ်တမ်းများကိုတော့ ယခုထိ ဖော်ပြထားသည်။

အာရှနိုင်ငံ ၇ ခုနှင့် ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ ထိုင်းနှင့် နီပေါနိုင်ငံတို့ပါဝင်သည်။

အိမ်ရှင် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ထိုအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရရှိပြီးနောက် ဖိတ်ကြားခဲ့သည့် ထိုင်းနိုင်ငံကိုပါ ဝေဖန်မှုများ ရှိခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်သည့် အစည်းအဝေး၌ ထိုင်းတက္ကသိုလ်ကျောင်းသား တစ်ဦးက ဆန္ဒပြခဲ့ပြီး ယနေ့တွင်လည်း ထိုင်းပြည်သူများက ဆန္ဒပြရန်စီစဥ်ခဲ့သော်လည်း ရုန်းရင်းဆန်ခတ်မှုများ ရှိခဲ့သည်။

ခရီးစဥ်အရ မင်းအောင်လှိုင်သည် ယနေ့ (ဧပြီ ၅) မှသာ ထိုင်းနိုင်ငံမှ ပြန်လာမည်ဖြစ်သော်လည်း ယမန်နေ့ (ဧပြီ ၄) ညပိုင်းတွင် ပြန်သွားခဲ့ကြောင်း ခေတ်သစ်မီဒီယာတွင် ဖော်ပြထားသည်။

#MeKongNews
#ထိုင်း
#ဘင်မ်းစတက်
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#ဘူတန်ဝန်ကြီးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now