နေ့စဥ်သတင်း

မိုင်းဆတ်မှ တရုတ်ရွှေမိုင်းများကြောင့် နမ့်ခုတ်မြစ် အာဆင်းနစ်ပမာဏ ၂ ဆများနေ၊ ရေမသုံးကြရန် ထိုင်းအာဏာပိုင်များ သတိပေး

မဲခေါင် 4 Apr - 2025
မဲခေါင်၊ ဧပြီ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်ရှိ တရုတ်ရွှေမိုင်းတွင်းများကြောင့် ချင်းမိုင်နှင့်ချင်းရိုင် ခရိုင်များမှ ပြည်သူများ Kok မြစ်(နမ့်ခုတ်မြစ်) ရေကို မသုံးစွဲကြရန် ချင်းမိုင်ခရိုင် သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Arveera Pakamat က သတိပေးအကြံပြုချက် ထုတ်ပြန်ခဲ့သည်။ မတ် ၁၉ ရက်နေ့က မယ့်အိုင်ခရိုင်မှ ဖြတ်စီးဆင်းသော နမ့်ခုတ်မြစ်ရေကို နမူနာယူ စမ်းသပ်စစ်ဆေးရာ တွင် သာမန်သဘာ၀ရေရင်းမြစ်များတွင် အာစင်းနစ်ဓာတ် တစ်လီတာ၌ ၀.၀၁ မီလီဂရမ်သာ ပါဝင်ရာ ယခု စစ်ဆေးမှုတွင် ဘေးကင်းမှုစံနှုန်းထက် အာစင်းနစ်အက်ဆစ်ဓာတ် ၂ ဆ ပိုများပြီး တစ်လီတာတွင် ၀.၀၂၆ မီလီဂရမ်ပါဝင်နေသောကြောင့် လူသားများအတွက် အဆိပ်သင့်ဘေးအန္တရာယ်ရှိနေသဖြင့် မသုံးကြရန်

မဲခေါင်၊ ဧပြီ ၄

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်ရှိ တရုတ်ရွှေမိုင်းတွင်းများကြောင့် ချင်းမိုင်နှင့်ချင်းရိုင် ခရိုင်များမှ ပြည်သူများ Kok မြစ်(နမ့်ခုတ်မြစ်) ရေကို မသုံးစွဲကြရန် ချင်းမိုင်ခရိုင် သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Arveera Pakamat က သတိပေးအကြံပြုချက် ထုတ်ပြန်ခဲ့သည်။

မတ် ၁၉ ရက်နေ့က မယ့်အိုင်ခရိုင်မှ ဖြတ်စီးဆင်းသော နမ့်ခုတ်မြစ်ရေကို နမူနာယူ စမ်းသပ်စစ်ဆေးရာ တွင် သာမန်သဘာ၀ရေရင်းမြစ်များတွင် အာစင်းနစ်ဓာတ် တစ်လီတာ၌ ၀.၀၁ မီလီဂရမ်သာ ပါဝင်ရာ ယခု စစ်ဆေးမှုတွင် ဘေးကင်းမှုစံနှုန်းထက် အာစင်းနစ်အက်ဆစ်ဓာတ် ၂ ဆ ပိုများပြီး တစ်လီတာတွင် ၀.၀၂၆ မီလီဂရမ်ပါဝင်နေသောကြောင့် လူသားများအတွက် အဆိပ်သင့်ဘေးအန္တရာယ်ရှိနေသဖြင့် မသုံးကြရန် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

နမ့်ခုတ်မြစ် ရေနမူနာထဲတွင် အာစင်းနစ်ဓာတ်သာမက Heavy Metals များဖြစ်သည့် ကဒ်မီယမ်နှင့် ခဲ ဓာတ်များလည်း တွေ့ရှိရပြီး ယင်းအာစင်းနစ်ပါသောရေကို သောက်သုံးမိလျှင် အစာအိမ်နာကျင်ခြင်းဖြစ်စေကာ အမြဲတမ်းသောက်မိလျှင် ကင်ဆာဖြစ်စေပြီး အရေပြားယားယံခြင်းများလည်း ဖြစ်စေသည် ဟု Arveera Pakamat က သတိပေးထုတ်ပြန်ခဲ့သည်။

၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်တွင် ရွှေမိုင်းလုပ်ကွက်များ မရှိသေးဘဲ နောက်ပိုင်းမှ တရုတ်ကုမ္ပဏီများ၏ ရွှေမိုင်းတွင်းလုပ်ကွက်များပေါ်ပေါက်လာကာ မိုင်းဆတ်မှာပင် တရုတ်နိုင်ငံသား ၃၀၀ ကျော်ဖြင့် ရွှေမိုင်းတွင် ၄ ခု လုပ်ဆောင်နေကြောင်း မြန်မာလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရှိရသည်။

ကိုကလင်း
Ref: thaipbs
#MeKongNews
#နမ့်ခုတ်မြစ်
#မိုင်းဆတ်
#အာဆင်းနစ်
#ရွှေမိုင်း
ပုံအညွှန်း – နမ့်ခုတ်မြစ်ပေါ်ရှိ ရွှေမိုင်းတစ်ခု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now