မဲခေါင်၊ ဧပြီ ၄
အင်းလေးကန် အရှေ့ဘက်ခြမ်း မိုင်းသောက်တွင် ပြီးခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၂၂၆ အိမ် ပျက်စီးပြီး ဒေသခံလူဦးရေ ၁၀၉၅ ဦး ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မိုင်းသောက်ပြန်လည်ထူထောင်ရေးအဖွဲ့ဥက္ကဌက ပြောသည်။
လုံးဝ ပျက်စီးသည့် ၈၂အိမ်နှင့် တစိတ်တပိုင်းပျက်စီးသည့် ၁၃၄ အိမ်မှ ရွာသူရွာသား ၁၀၉၅ဦး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေသည်ဟု ဥက္ကဌ ဖြစ်သူက ဆိုသည်။
“ကူညီကယ်ဆယ်ရေးကတော့ ပြီးပြီ။ လူ ၂ယောက်လောက်နဲနဲပါးပါးထိတာ ပြန်ကောင်းလာနေပြီ။ အလှူရှင်တွေလာကြပါတယ်။ စားစရာနဲ့ရေက လတ်တလော ပြည့်စုံနေပါပြီ၊ လူတွေက ငလျင်ထပ်လှူပ်မှာကြောက်လို့ ကျွန်းမျောတွေပေါ်မှာ နေဆဲပဲ၊ ခုက သွပ်၊ သစ်၊ သံတွေလိုနေတာ၊ ငွေလည်းလိုတာပေါ့”ဟု ၎င်းက မဲခေါင်ကိုပြောသည်။
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် အင်းလေးတောင်ဘက်ခြမ်းမှ ရွာပေါင်း ၁၉ရွာမှ အိမ်ခြေ ၂၃၃၇ လုံး ပျက်စီးပြီး ၈၉ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ ထုတ်ပြန်ချက်တွင် ယခုအင်းအ
ရှေ့ဘက်ခြမ်းမှ မိုင်းသောက်ရွာ၏ ပျက်စီးထိခိုက်မှု အခြေအနေ ပါဝင်သည်ကို မတွေ့ရပေ။
ငလျင်ကြောင်း အင်းလေးဒေသတွင် သေဆုံးသူ ဦးရေမှာ ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#မိုင်းသောက်မြို့
#အကူအညီလိုအပ်








