မဲခေါင်၊ ဧပြီ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့ ဧပြီလ ၄ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြသည်။
အိန္ဒိယ ဝန်ကြီးချုပ်က မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ငလျင်ကြောင့် သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းကို ထပ်မံပြောဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွက် ခက်ခဲသည့်အချိန်တွင် တတ်နိုင်သည့်အကူအညီအားလုံးကို ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အိန္ဒိယကြား အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဆက်သွယ်ချိတ်ဆက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ဆိုသည်။
#MeKongNews
#နာရန်ဒရာမိုဒီ
#အိန္ဒိယ
#BIMSTEC
#စစ်ကိုင်းငလျင်








