မဲခေါင်၊ ဧပြီ ၃
မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အပျက်အစီးများကြား ၆ရက်ကြာ ပိတ်မိနေသူတစ်ဦးကို စစ်ကိုင်းမြို့တွင် ယနေ ဧပြီလ ၃ရက်နေ့လည်ပိုင်း၌ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်သည်။
စစ်ကိုင်းမြို့၊ စွယ်တော်နန်းတည်းခိုးခန်း အပျက်အစီးများကြားတွင်ပိတ်မိနေသူ အသက် ၄၇ နှစ်အရွယ် ဦးတင်မောင်ထွေးဆိုသူကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဆေးရုံ၌ ပြုစုစောင့်ရှောက်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။
#MeKongNews
#စစ်ကိုင်းငလျင်
#မြန်မာနိုင်ငံကြက်ခြေနီအသင်း
#ကယ်တင်
#အသက်ရှင်
#စွယ်တော်နန်းတည်းခိုခန်း








