မဲခေါင်၊ ဧပြီ၂
မတ်လ ၂၈ ရက်က ပြိုကျခဲ့သည့် အောင်ပန်းမြို့မှ Hotel Aung Ban ပြိုကျမှုအတွင်း သေဆုံးသူ တစ်ဦး၏ ရုပ်အလောင်းကို ထပ်မံထုတ်ယူရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။
ယနေ့ ဧပြီလ ၂ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထုတ်ယူရရှိခြင်းပြီး ရုပ်အလောင်းမှာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ အခြားသေဆုံးသူတစ်ဦးကိုလည်း တွေ့ရှိထားပြီး ထုတ်ယူရန် ခက်ခဲနေသေးကြောင်း အောင်ပန်းနာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။
“မလင်းလက်အောင်၊ ၂၀ နှစ်၊ ဘော်နင်းကုန်းလို့ အကြမ်းဖျင်းသိရတယ်။ ဆက်ထုတ်နေကြစဲပဲ” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ထပ်မံတွေ့ရှိရသည့်အတွက် ယင်းဟိုတယ် ပြိုကျမှုကြောင့် သေဆုံးရသူ ၁၁ ဦး အထိ ရှိလာပြီဖြစ်သည်။
အခင်းဖြစ်ချိန်မှ ၅ ရက်အတွင်း ရောက်ရှိလာပြီဖြစ်သဖြင့် အသက်ရှင်ကျန်ရစ်သူ တွေ့ရှိရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်ပြီး ကျန်ရှိနေသေးသည့် သေဆုံးသူများကို စက်ယန္တရားများဖြင့် အပျက်အစီးများကို ဖယ်ရှားကာ ဆက်လက် ရှင်းလင်း ရှာဖွေနေစဲဖြစ်ကြောင်း သိရသည်။
#MeKongNews
#စစ်ကိုင်းငလျင်
#ဟိုတယ်အောင်ပန်း
#သေဆုံး
#အောင်ပန်းနာရေးကူညီမှုအသင်း








