နေ့စဥ်သတင်း

ရှမ်းအရှေ့ ကျာကူနီပြည်သူ့စစ်အတွင်း စည်းလုံးမှုပြိုကွဲနေ

မဲခေါင် 2 Apr - 2025
မဲခေါင်၊ ဧပြီ ၂ တာချီလိတ်မြို့နယ်၊ တာလေမြို့အခြေစိုက် ကျာကူနီပြည်သူ့စစ်အတွင်း ခေါင်းဆောင်ဖြစ်သူ ဦးကျာစီး၏ လုပ်ရပ်များကြောင့် တပ်ဖွဲ့ဝင်များကြား စည်းလုံးမှုပြိုကွဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးအားချိုင် (ခ) ဦးကျာစီးသည် ပြည်သူ့စစ်အဖွဲ့ဝင်များအတွက် ထောက်ပံ့‌ပေးသည့် ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို လက်အောက်ငယ်သားများကို ပြန်မပေးခြင်း၊ တပ်ဖွဲ့ဝင်များ၏ အခက်အခဲများကို ကူညီပေးမှုမရှိခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် နောက်ကွယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လက်နက်မှော်ခိုကူးခြင်း၊ စစ်တပ်အကြီးအကဲများကို ငွေကြေးဖြင့် ဝင်ရောက်ရောနှောကာ ဒုစရိုက်လုပ်ငန်းများကို ဖုံးကွယ်လျက်ရှိခြင်းတို့ကြောင့် တပ်ဖွဲ့ဝင်များက မကျေနပ်ခြင်းဖြစ်ကြောင်း ကျာကူနီပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “တာလေနဲ့ တာချီလိတ်မှာ ရန်ကင်းဆီပန့်တွေ ဖွင့်ထားတယ်။ တိုင်းမှူးတွေလာရင်လည်း လုံခြုံရေးတွေပေးတယ်။ ငွေကြေးတွေ ထောက်ပံ့တယ်။ တပ်ဖွဲ့ဝင်တွေကို

မဲခေါင်၊ ဧပြီ ၂

တာချီလိတ်မြို့နယ်၊ တာလေမြို့အခြေစိုက် ကျာကူနီပြည်သူ့စစ်အတွင်း ခေါင်းဆောင်ဖြစ်သူ ဦးကျာစီး၏ လုပ်ရပ်များကြောင့် တပ်ဖွဲ့ဝင်များကြား စည်းလုံးမှုပြိုကွဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးအားချိုင် (ခ) ဦးကျာစီးသည် ပြည်သူ့စစ်အဖွဲ့ဝင်များအတွက် ထောက်ပံ့‌ပေးသည့် ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို လက်အောက်ငယ်သားများကို ပြန်မပေးခြင်း၊ တပ်ဖွဲ့ဝင်များ၏ အခက်အခဲများကို ကူညီပေးမှုမရှိခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် နောက်ကွယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လက်နက်မှော်ခိုကူးခြင်း၊ စစ်တပ်အကြီးအကဲများကို ငွေကြေးဖြင့် ဝင်ရောက်ရောနှောကာ ဒုစရိုက်လုပ်ငန်းများကို ဖုံးကွယ်လျက်ရှိခြင်းတို့ကြောင့် တပ်ဖွဲ့ဝင်များက မကျေနပ်ခြင်းဖြစ်ကြောင်း ကျာကူနီပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တာလေနဲ့ တာချီလိတ်မှာ ရန်ကင်းဆီပန့်တွေ ဖွင့်ထားတယ်။ တိုင်းမှူးတွေလာရင်လည်း လုံခြုံရေးတွေပေးတယ်။ ငွေကြေးတွေ ထောက်ပံ့တယ်။ တပ်ဖွဲ့ဝင်တွေကို လုံးဝ လှည့်မကြည့်ဘူး။ သူလိုရင် ခိုင်းတယ်။ သူနဲ့အဆင်မပြေရင် လုပ်ကြံတယ်။ နားယောင်းအုပ်စု၊ မိုက်ဟွန်ဆံခါ ကျေးရွာက အာခါရွာကို သူနဲ့အဆင်မပြေလို့ ပြည်သူ့စစ်ငယ်သားတွေနဲ့ ညဘက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခိုင်းတယ်။ ငွေရှိတယ်၊ လက်နက်ရှိတယ်ဆိုပြီး ဒုစရိုက်လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင်လုပ်တယ်” ဟု ၎င်းကပြောသည်။

ထိုသို့မကျေနပ်မှုများကြောင့် ဦးကျာစီးကို တြိဂံဒေသတိုင်း တိုင်းမှူးထံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တိုင်ကြားထားကြောင်း ကျာကူနီပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးအားချိုင်(ခ)ဦးကျာစီးသည် ၂ဝဝ၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မှန်ဟီးတဲန်ဒေသမှ မိုင်းလင်း အနောက်အုပ်စု၊ နားဟိုင်းလုံကျေးရွာတွင် လာရောက် အခြေချ နေထိုင်ခဲ့ကာ ၂ဝဝ၆ ခုနှစ်၌ တာလေမြို့၊ နားယောင်းကျေးရွာသို့ ပြောင်းရွေ့နေထိုင်ပြီး ကျာကူနီ ပြည်သူ့စစ်ဌာနေ၊ ပြည်သူ့စစ် အရန်တပ်ဖွဲ့မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါရှင် ကွယ်လွန်ပြီး နောက်ပိုင်း ဦးဝါရှင်သားဖြစ်သူ မောင်ယောနကို ကျာကူနီပြည်သူ့စစ်ခေါင်းဆောင် ရွေးကောက်ခဲ့ပြီး နောက်ပိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မှ မသိလိုက်ပဲ မောင်ယောနကို ခေါင်းဆောင်နေရာမှ ဖယ်ရှားကာ ဦးကျာစီးက ခေါင်းဆောင်ဖြစ်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇော်မြင့်
#MeKongNews
#ရှမ်းအရှေ့
#ကျာကူနီပြည်သူ့စစ်
#ဦးကျာစီး
#တြိဂံဒေသတိုင်း
ပုံအညွှန်း – ကျာကူနီပြည်သူ့စစ်ခေါင်းဆောင် ဦးကျာစီးပိုင် ရန်ကင်းဆီပန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now