မဲခေါင်၊ ဧပြီ ၂
မန္တလေးသို့ ငလျင်ဘေးအကူအညီသွားမည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်း ထောက်ပံ့ရေးယာဥ်တန်းကို စစ်ကောင်စီတပ်က ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အထွက် အုမ္မတီးရွာတွင် ယနေ့ (ဧပြီ ၁) ညပိုင်းတွင် ပစ်ခတ်ခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်သည်။
ပစ်ခတ်ခံရသည့် တရုတ်ကြက်ခြေနီယာဥ်တန်းသည် ယာဥ် ၉ စီးပါရှိပြီး စစ်ကောင်စီဘက်က စက်လတ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
ပစ်ခတ်ခံရပြီးနောက် TNLA ထိန်းချုပ် နောင်ချိုမြို့သို့ ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။
ထို တရုတ်ယာဥ်တန်းသည် မန္တလေးမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီတပ်ကို သတင်းပို့ခဲ့သော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်။ ထိုယာဥ်တန်း မန္တလေးမြို့သို့ သွားရောက်ရန်အတွက် တအာင်းတပ် (TNLA) က ကူညီပေးမည်ဟု ဆိုသည်။
ယာဥ်တန်းပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှုကို TNLA ဘက်ကို မေးမြန်းနေဆဲဖြစ်သည်။ စစ်ကောင်စီဘက်ကလည်း ထိုပစ်ခတ်မှုကို မထုတ်ပြန်သေးပါ။
#MeKongNews
#နောင်ချို
#တရုတ်ယာဥ်တန်း
#ပစ်ခတ်
#တအာင်း
#ငလျင်








