မဲခေါင်၊ ဧပြီ ၁
ဧပြီ ၁ ရက်နေ့တွင် ဘန်ကောက်ဒုတိယမြို့တော်ဝန် မစ္စ သာဝီဒါကာမိုလ်ဗက်ချ်က အမေရိကန်စစ်တပ်၏ ဂြိုဟ်တု X Ray ဓာတ်ပုံရိုက်ကူးမှုအရ ဆောက်လုပ်ဆဲ အထပ် ၃၀ မြင့် စာရင်းစစ်ရုံး ပြိုကျမှုထဲ၌ လူသားခန္ဓာ ၇၄ ခု တွေ့ရကြောင်းနှင့် အပျက်အစီးပုံများကို ဇုန်အလိုက်သတ်မှတ် ကယ်ဆယ်မှုအရ အနီးဆုံးဖြစ်သည့် ဇုန် A တွင် ၆ ဦးပိနေသည်ကို တွေ့ရပြီး အမြန်ဆုံး ဖော်ထုတ်သွားမည်ဟု ထုတ်ဖော်ပြောဆိုသည်။
ယင်းအပျက်အစီးပုံကြီးထဲမှ ဧပြီ ၁ ရက်တွင် လူသေအပုပ်နံ့များ ထွက်လာခဲ့ပြီဖြစ်သလို စပါးအုံးမြွေတစ်ကောင်လည်း ထွက်လာကြောင်း ကယ်ဆယ်ရေးသမားများက ပြောဆိုမှုရှိသော်လည်း မည်သည့်အကြောင်းဖြင့်ဖြစ်စေ အားလုံးကို နောက်မဆုတ်တမ်း ဆယ်ထုတ်သွားမည်ဟု ကတိပြုကြောင်း သာဝီဒါက ပြောကြားခဲ့သည်။
ပိတ်မိနေသူများသည် ကျောက်ချပ်များစွာ အထပ်ထပ်အောက် တွင်ရှိနေခြင်းဖြစ်သောကြောင့် မည်သူ အသက်ရှင်သေးသည်၊ မည်မျှ သေဆုံးပြီးဖြစ်သည်ကို ဖော်ထုတ်ပြီးမှသာ အတည်ပြုပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ လတ်တလော အနီးဆုံး အပျက်အစီးပုံ ဇုန် A မှ ၆ ဦး ကိုယ်တွင်း ကလီဆာများ လှုပ်ရှားမှု ရှိ မရှိကို နည်းပညာများဦးစွာသုံးပြီး လမ်းကြောင်းရှာ ဆယ်ထုတ်မည်ဟုလည်း သာဝီဒါက မီဒီယာများကို ရှင်းလင်းပြောဆိုခဲ့သည်။
ကိုကလင်း
Ref: matichon
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်
#ဂြိုလ်တုဓာတ်ပုံ
#ကယ်ဆယ်ရေး








