နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ ၇ရက် သတ်မှတ်ကြောင်း စစ်ကောင်စီကြေညာ
မဲခေါင်၊ မတ် ၃၁
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ မှ ဧပြီလ ၆ နေ့အထိ ၇ရက်တိတိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ၃၁ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ၇ ရက်အတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရမည်ဟုလည်း ပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီမှာ ပြည်သူမှာ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပြင်းထန်စွာ ဝေဖန်ခံနေရသည်။ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ၎င်းတို့နှင့် အဆင်ပြေသည့် နိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များကိုသာ ဝင်ရောက်ခွင့်ပြုသည့်အတွက်လည်း ဝေဖန်မှုများရှိနေသည်။
မဟာ
#MeKongNews








