မန္တလေးမြို့တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ပိတ်မိသူ ၄ ဦး ထပ်မံကယ်ဆယ်
မဲခေါင်၊ မတ် ၃၁
မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် ငလျင်ဘေးဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရန်ရောက်ရှိနေသည့် တရုတ်နိုင်ငံ မှ ကယ်ဆယ်ရေးအဖွဲ့များသည် မန္တလေးငလျင်အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူ ၄ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လှုမှုကူညီသူများထံမှ သိရသည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၃၀ရက်မှ ၃၁ရက်နံနက်အထိ ညလုံးပေါက်ကယ်ဆယ်ခဲ့ရာ ယနေ့မနက်အထိမန္တလေးမြို့ရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်တို့မှ ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၄ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
မတ်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ် နှင့် ၆ နာရီ ၂၀ မိနစ်တို့တွင် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကလေး ၏ အသက်ရှင်လက္ခဏာများ ကောင်းမွန်ခဲ့ပြီး ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်ဟု သိရသည်။
အလားတူ မတ်လ၃၁ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ် အချိန်ကလည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသော အမျိုးသမီး ၁ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
#MeKongNews









