မဲခေါင်၊ မတ် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းပြိုကျမှုတွင် သေဆုံးသူ ရုပ်အလောင်း ၄ လောင်းအထိရှိလာပြီး အသက်ရှင်ရက်ပိတ်မိနေသူ၄ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ယင်းဟိုတယ်ပြိုကျမှုတွင် တစ်လျှောက်လုံး ကယ်ဆယ်နေသည့် မြတ်ပရဟိတ (အောင်ပန်း) ထံမှ သိရသည်။
မနေ့ည ၇နာရီကျော်အချိန်မှာ ပိတ်မိနေသူ ၄ဦးကို ကယ်တင်နိုင်ခဲ့သည်ပြီး ယခု မတ်လ ၂၉ ရက်ညနေပိုင်း၅နာရီခွဲတွင် သေဆုံးနေသူတစ်ဦးကို သယ်ထုတ်ရန် ကြိုးပမ်းနေဆဲဟု မြတ်ပရဟိတ အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။
“ကလေးနဲ့လူကြီးဖက်သေနေတာတွေ့တယ်။ ကျနော်တို့မနားနိုင်ဘူး။ အသက်ရှင်နေနိုင်သူတွေ ရှိနေနိုင်သလို သေပြီးသူတွေကိုလည်း ထုတ်ဖို့ လုပ်နေကြတယ်” ဟု ၎င်းကပြောသည်။
ဟိုတယ်ဧည့်လက်ခံဌာနမှာ အောက်ဆုံးပိမိနေသဖြင့် လူစာရင်းအတိအကျမသိရဖြစ်နေကာ အပျက်အစီးများ အထပ်လိုက်ဖြစ်နေသဖြင့် ဘက်ဟိုးဖြင့်လည်း မဖယ်ရှားနိုင်ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ယနေ့ မတ်လ ၂၉ရက်ညပိုင်းအထိ သေဆုံးသူ ၁၆၄၄ ဦးရှိပြီး ဒဏ်ရာရသူ ၃၄၈၃ ဦးရှိကာ ပျောက်ဆုံးနေသူ ၁၃၈ ကျော်ရှိလာကြောင်း စစ်ကောင်စီပြန်ကြားရေးက မတ်လ ၂၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#ဟိုတယ်အောင်ပန်း
#ငလျင်
#သေဆုံး
#ကယ်ဆယ်ရေး








