မိုင်းမောတွင် လူသတ်မှုကျူးလွန်သည့် ရဲဝန်ထမ်းကို UWSA သေဒဏ်စီရင်
မဲခေါင်၊ မတ် ၂၇
UWSA ထိန်းချုပ်ရာ ‘ဝ’ ပြည်နယ် မြောက်ပိုင်း၊ မိုင်းမောမြို့၌ မူးယစ်ဆေးသုံးစွဲရာမှတဆင့် သူငယ်ချင်းနှင့် စကားများရန်ဖြစ်ပြီး သံချောင်းဖြင့် သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ ရဲဝန်ထမ်းတစ်ဦးကို UWSA တရားစီရင်ရေးဌာနက သေဒဏ်စီရင်ခဲ့ကြောင်း WSTV ရဲ့ မတ်လ ၂၄ ရက်နေ့ထုတ် သတင်းစဥ်တွင် ဖော်ပြသည်။
လူသတ်မှုကျူးလွန်သူမှာ အသက် ၂၄နှစ်အရွယ် ရဲဝန်ထမ်း ချိန်ဆိုင်တောင်း ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ လ၉ ရက်နေ့တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း WSTV ၏ ဖော်ပြချက်အရ သိရသည်။
၎င်းသည် လူသတ်မှု မကျူးလွန်မီကတည်းက ဥပဒေနှင့်မလွတ်ကင်းသည့် ခိုးမှု၊ လိမ်လည်မှုနှင့် မူးယစ်ဆေးသုံးစွဲမှုတို့ကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့သူဖြစ်ပြီး ဝ’ ဒေသ တရားဥပဒေ အခန်း (၄) ရဲ့ ပုဒ်မ (၁၉၁) အရ လူသတ်မှုမြောက်သည့်အတွက် ပြစ်မှုကို သေချာစိစစ်ပြီးနောက် ၂၀၂၅၊ မတ်လအတွင်း မိုင်းပေါက်မြို့တရားစီရင်ရေးကွင်းတွင် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း WSTV ၏ ကြေညာချက်အရသိရသည်။
၂၀၂၄ ခုနှစ်၊ အေက်တိုဘာလကလည်း ‘ဝ’ ဒေသ၊ ဟိုပန်မြို့၌ စတိုးဆိုင်မှ ကလေးငယ်အား လူသတ်မှုကျူးလွန်ခဲ့သူကို သေဒဏ်ချမှတ်ခဲ့သေးသည်။
မဟာ
#MeKongNews









