ချင်းမိုင် Wang Bua Ban ရေတံခွန်တွင် ရေနစ်သတိလစ်သည့် မြန်မာလူငယ်ကို ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်
မဲခေါင်၊ မတ် ၂၆
မတ် ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Doi Suthep-Pui အမျိုးသားဥယာဉ်ဝန်းအတွင်းရှိ Wang Bua Ban ရေတံခွန်တွင် သူငယ်ချင်းများနှင့် ရေလာကူးသည့် အသက် ၃၀ ဝန်းကျင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ရေနစ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့မှ CPR တစ်မိနစ်ခန့်လုပ်ဆောင်အပြီး ကယ်တင်နိုင်ခဲ့ သည်။
ရေကူးနေစဉ် ကြွက်တက်ပြီး ဆက်မကူးနိုင်တော့ဘဲ ရေနစ်သွားခဲ့ရာ သူငယ်ချင်းများက လိုက်လံဆယ်တင်နိုင်ခဲ့သော်လည်း အသက်မရှူနိုင်တော့ဘဲ သတိလစ်နေရာ Doi Suthep-Pui အမျိုးသားဥယာဉ် ကယ်ဆယ်ရေးအဖွဲ့၊ ချင်းမိုင် Phra Khru Od Wat Chedi Luang ကယ်ဆယ်ရေးအဖွဲ့တို့ အချိန်မီ ရောက်ရှိလာပြီး တစ်မိနစ်ကြာ အရေးပေါ် အသက်ကယ်ဆယ်ရေး CPR တစ်မိနစ်ခန့်လုပ်ဆောင်အပြီး သတိပြန်လည်လာသဖြင့် မဟာရက်ဂျ်နာခွန်းချင်းမိုင် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: ThaiPBSNorth
#MeKongNews








