ယင်လတ် သင်္ကြန်အမီ ပြည်တော်ပြန်ဝင်လာနိုင်တော့မည်မဟုတ်ဟု သက်ဆင်ဝန်ခံ
မဲခေါင်၊ မတ် ၂၅
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ဆုန်ကရန် သင်္ကြန်ပွဲတော်အမီ ပြည်တော်ပြန်လာနိုင်ဦးမည်မဟုတ်ဟု မတ် ၂၃ ရက်တွင် ဝန်ခံပြောဆိုသွားခဲ့သည်။
သက်ဆင်ကိုယ်တိုင်သည်လည်း ဝန်ကြီးချုပ်ဖြစ်စဉ် ထိုင်း၌ စစ်အာဏာသိမ်းခံရပြီးနောက် စွဲချက်များ တင်ခံရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ ဩဂုတ်လကမှ ၁၇ နှစ်ကြာ ကင်းကွာနေသော ထိုင်းနိုင်ငံသို့ ပြည်တော် ပြန်ဝင်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်လတ်သည် ၂၀၁၇ ခုနှစ်က ထိုင်းဝန်ကြီးချုပ်တာဝန်ယူထားစဉ် ဆန်စပါး အမတော်ကြေး ထုတ်ပေးမှု၌ အကျင့်ပျက်လာဘ်စားမှုရှိသည်ဟု စွဲချက်တင်ခံရပြီးနောက် ပြည်ပသို့ ထွက်ပြေးသွားရပြီး ထိုင်း တွင် စစ်အာဏာသိမ်းခံခဲ့ရကာ ကြားကာလများအတွင်း လန်ဒန်တွင် အနေများခဲ့သည်။
မကြာသေးမီက သူ့ညီမ ယင်လတ်သည် ထိုင်းနှစ်သစ်ကူးပွဲတော် ဆုန်ကရန် အမီ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာနိုင်မည်ဟု လူသိရှင်ကြားပြောဆိုခဲ့သော်လည်း လက်ရှိ လွှတ်တော်တွင် သမီးအငယ်ဆုံး လက်ရှိ ဝန်ကြီးချုပ် ပေထောင်တန်အား အယုံအကြည်မရှိအဆိုတင်သွင်းကာ Debate လုပ်နေကြချိန်တွင် သက်ဆင်က ယင်လတ်ပြန်လာနိုင်မည့် အချိန်အခါမဟုတ်သေးကြောင်း ဝန်ခံသွားခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ဆုန်ကရန် သင်္ကြန်ပွဲတော်တွင် ဧပြီ ၁၂၊ ၁၃ ရက်များ၌ ချင်းမိုင်တွင် ရှိနေမည်ဟု သိရှိရ သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews








