နိုင်ငံတကာသတင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင် 3 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး ချဟေးဆီနာရစ်ကလည်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သော်လည်း အရှေ့တောင်အာရှရှိ ကျားဖြန့်ကွန်ရက်များသည် ပြိုလဲသွားခြင်း မရှိဘဲ နေရာရွှေ့ပြောင်းကာ ပြန်လည်စုစည်းလုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း သိရသည်။ ဇူလိုင်လက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကျားဖြန့်ဆက်စပ် လိမ်လည်မှုများကြောင့် အာရှ – ပစိဖိတ်ဒေသတစ်ခုတည်း ဆုံးရှုံးခဲ့ရသည့် ပမာဏမှာ ဒေါ်လာ ၈၈ ဘီလီယံမှ ဒေါ်လာ

မဲခေါင်၊ စက်တင်ဘာ ၃

ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး ချဟေးဆီနာရစ်ကလည်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သော်လည်း အရှေ့တောင်အာရှရှိ ကျားဖြန့်ကွန်ရက်များသည် ပြိုလဲသွားခြင်း မရှိဘဲ နေရာရွှေ့ပြောင်းကာ ပြန်လည်စုစည်းလုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း သိရသည်။

ဇူလိုင်လက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကျားဖြန့်ဆက်စပ် လိမ်လည်မှုများကြောင့် အာရှ – ပစိဖိတ်ဒေသတစ်ခုတည်း ဆုံးရှုံးခဲ့ရသည့် ပမာဏမှာ ဒေါ်လာ ၈၈ ဘီလီယံမှ ဒေါ်လာ ၁၁၄ ဘီလီယံကြားရှိခဲ့သည်ဟု သိရသည်။

ထိုပမာဏသည် ကျားဖြန့် များ အဓိကအခြေစိုက်ရာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့၏ ၂၀၂၅ ခုနှစ် GDP (ဒေါ်လာ ၅၀ ဘီလီယံနှင့် ဒေါ်လာ ၈၂ ဘီလီယံ) တို့ထက်ပင် များပြားနေဆဲဖြစ်သည်။

၎င်းတို့နိုင်ငံရှိ အကြီးစား ကျားဖြန့်လုပ်ငန်းအားလုံးကို တားမြစ်ထိန်းချုပ်နိုင်ခဲ့ပြီဟု ကမ္ဘောဒီယားဝန်ကြီး ဆီနာရစ်က သံတမန်များနှင့် တွေ့ဆုံအပြီး ပြောကြားခဲ့သော်လည်း လေ့လာစောင့်ကြည့်သူများက မယုံနိုင်ကြဘဲ ကျားဖြန့်များ ပြိုလဲသွားခြင်းမဟုတ်ဘဲ ပိုပြီး ရှာဖွေဖော်ထုတ်ရခက်သော ကမ္ဘောဒီးယားနိုင်ငံအတွင်းပိုင်း ကွန်ဒိုများနှင့် ဟိုတယ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း၊ မြန်မာနယ်စပ် ဥပဒေမဲ့ဒေသများသို့ ပြောင်းရွှေ့သွားခြင်း၊ လာအိုရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်များသို့ ပြောင်းသွားခြင်း၊ မလေးရှားတောင်ပိုင်းဒေသအထိပါ ပြောင်းရွှေ့ သွားပြီး ကျားဖြန့်လုပ်ငန်းများ ပြန်လည်စုစည်းလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု သက်သေများဖြင့် ထောက်ပြ လာကြသည်။

တရုတ်နှင့် အမေရိကန်တို့၏ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယားကျားဖြန့် နှိမ်နင်းမှုများ လုပ်ဆောင်ရာတွင် နိုင်ငံခြားသား ကျားဖြန့်လုပ်သူ ၁၀၀၀၀ မှ ၂၀၀၀၀ ဝန်းကျင်သည် မြန်မာနိုင်ငံ နယ်စပ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်ဟု လူကုန်ကူးခံရသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းကွန်ရက် (CSNHTV) မှ ညှိနှိုင်းရေးမှူး ဂျေကရီတီယာက ဆိုသည်။

မြန်မာကျားဖြန့် အဆောက်အအုံဝင်းများအတွင်း အိန္ဒိယနှင့် အီသီယိုးပီးယားအပါ နိုင်ငံစုံမှ လူပေါင်း ၁၃၇၀၀ ကျော်ပိတ်မိနေဆဲဖြစ်ကာ ကယ်တင်နိုင်ခဲ့သည့် ကမ္ဘောဒီးယားမှ ကျားဖြန့်လုပ်သားများ ပြောဆိုမှုအရ ယင်းလုပ်သားများသည် မြန်မာသို့ ရွှေ့ပြောင်းခိုင်းစေခံရခြင်း သို့မဟုတ် ရောင်းစားခံရခြင်းများဖြစ်သည်ဟု သိခဲ့ရကြောင်း ဂျေကရီတီယာက ပြောသည်။

ဩဂုတ် ၂၉ ရက်က ထိုင်းတောင်ပိုင်းခရိုင် ချမ်ဖွန်းအဝေးပြေးလမ်းပေါ်တွင် မသင်္ကာဖွယ်ရာ ဗင်ကားကို တားဆီးစစ်ဆေးရာ ကျားဖြန့်ဂိုဏ်းသား တရုတ် ၅ ဦး မလေးရှားသို့ ခိုးဝင်ရန် ကြိုးစားမှုဖြစ်ကြောင်း သိခဲ့ရသည်။

၎င်းတို့ သည် ကမ္ဘောဒီးယားမှ ထိုင်းကိုဖြတ်ပြီး မလေးရှားသို့ သွားရန်စီစဉ်ခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။

ကျားဖြန့်များကို နှိမ်းနင်းပြီး အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးခဲ့ပြီးကြောင်း ပြောဆိုထားသည့် မြန်မာနယ်စပ် တွင်လည်း ကျားဖြန့်လုပ်ငန်းများ ပြိုလဲသွားခြင်းမဟုတ်ဘဲ နေရာပြောင်းရွှေ့ လုပ်ကိုင်နေမြဲဖြစ်ကာ ပြီးခဲ့သည့် တစ်ပတ်က တရုတ်အမျိုးသမီးတစ်ဦးကို ဘန်ကောက်မှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်နှင့် ကပ်လျှက်ရှိသည့် မဲဆောက်သို့ ထိုင်းနိုင်ငံသား ၄ ယောက်က ပြန်ပေးဆွဲခေါ်ဆောင်လာပြီး ကမ်ဖန်းဖတ်ခရိုင်တွင် ထိုအမျိုးသမီး ကားပေါ်မှ ခုန်ချထွက်ပြေးသလို ရဲတပ်ဖွဲ့က တရားခံ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။

မြန်မာကျားဖြန့်လုပ်ငန်းများမှ လူမှောင်ခိုကူးခံရသူများကို ကယ်တင်နေသည့် NGO များအဆိုအရ ကျားဖြန့်နှိမ်နင်းမှုများသည် ဟန်ပြသာဖြစ်ကာ ရှည်လျှားသည့် ထိုင်း – မြန်မာ နယ်စပ် တစ်လျှောက် နေရာပြောင်းရွှေ့ လုပ်ကိုင်မှုကိုသာ ဖြစ်စေခဲ့သည်ဟု ပြောဆိုကြသည်။

အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု လုပ်ထားသည့် မြန်မာနိုင်ငံမှ ကရင်နယ်ခြားစောင့်တပ် KNA (ယခင် BGF) ထိန်းချုပ်နယ်မြေတွင် အနည်းဆုံး ကျားဖြန့်အဆောက်အအုံသစ်ပေါင်း ၈ ခု ထပ်တိုးလာခဲ့သည်ဟုလည်း ပြီးခဲ့သည့်လတွင် CSNHTV က ထုတ်ပြန်ခဲ့သည်။

KNA သည် ထိုင်းနှင့်အခြားသော နိုင်ငံတကာကိုယ်စားလှယ်များကို ခေါ်ကာ ကျားဖြန့်အဆောက်အအုံများအား ဖျက်ဆီးခြင်းအား ပြသနေသော်လည်း နောက်ကွယ်၌ ပိုမိုကြီး မားသည့် ကျားဖြန့်ရပ်ဝန်းကြီးကို တည်ထောင်နေသည်။

UNODC နှင့် အမေရိကန် FBI မှ ကျွမ်းကျင်သူများက လာအိုရှိ ကျားဖြန့်ကွန်ရက်များသည် တရုတ်ရင်းနှီးမြှုပ်နှံ သူများ ထူထောင်ထားသည့် အထူးစီးပွားရေးဇုန်များတွင် အခြေချကာ ရာဇဝတ်ကွန်ရက်ကို ချဲ့တွင်နေကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။

လာအိုတွင် ယခုနှစ် တစ်နှစ်အတွင်းမှာပင် ဆိုက်ဘာရာဇဝတ်မှုနှင့် ပတ်သက်ပြီး ၆၂၀၀ ကျော် ဖမ်းဆီးခဲ့ရသည်။

ဩဂုတ်လအစောပိုင်းက ဗီယန်ကျင်းမြို့စွန်ရှိ တရုတ်များစီမံခန့်ခွဲနေသည့် အထပ်မြင့်ကွန်ဒိုတိုက်ခန်းတွင် ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းရာ အများဆုံးဖမ်းမိမှုအဖြစ် ကျားဖြန့်သံသယတရားခံ ၂၆၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်။

အရှေ့တောင်အာရှ ကျားဖြန့်ကွန်ရက်များ ပြန်လည်စုစည်းပြီး အားကောင်းနေဆဲဖြစ်ခြင်းကို တားဆီးနိုင်ရေးမှာ လူကုန်ကူးခံရသူများအား ကယ်တင်မှုဖြစ်စဉ် တစ်ခုချင်းစီအား လိုက်လုပ်ဆောင်နေရုံဖြင့်မရတော့ဘဲ ကွန်ရက် အဆင့်အလိုက် တိုက်ဖျက်ပြီး ကယ်တင်ခြင်း၊ ရာဇဝတ်သားများအား ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း၊ ကျားဖြန့်ကွန်ရက် အဆောက်အအုံများကို အမှန်တကယ်ဖြိုခွင်းခြင်း၊ နေရာရွှေ့ပြောင်းမှုများကိုပါ ခြေရာခံပြီး လိုက်လံဖြိုခွင်းခြင်း၊ လူသစ်များထပ်မံစုဆောင်းမှုများကို တိုက်ဖျက်ခြင်းများ လုပ်နိုင်မှသာ တိုးတက်လာနိုင်မည်ဟု ဂျေကရီတီယာက တိုက်တွန်းပြောဆိုခဲ့သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#အရှေ့တောင်အာရှကျားဖြန့်များ
#မြန်မာ
#လာအို
#မလေးရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now