သိမ်ဆင်းအလှူ၌ သေနတ်လွယ်ကာ PNO က ကြားထဲကနေ လိုက်ပါ
မဲခေါင်၊ မတ်၂၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ယနေ့နံနက်ပိုင်းက သိမ်ဆင်းဘုန်းတော်ကြီးများအကြား လက်နက်ကိုင် PNO တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်လွယ်ကာ လိုက်ပါလာသည့်အပေါ် သိမ်ထွက်လှူသူများ စိတ်အနှောက်အရှက် ဖြစ်ရသည်ဟု နီးစပ်သူများက ပြောသည်။
ယနေ့ မတ်လ၂၅ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ သိမ်ဆင်းအလှူ၌ PNO ယူနီဖောင်းဝတ်ကာ သေနတ်လွယ်ပြီး ကပ္ပိယလုပ်နေမှုအပေါ် လူထုက ဝေဖန်ကြခြင်းဖြစ်သည်။
“သိမ်ဆင်းဆိုတာ ရဟန်းတွေအတွက် အမြင့်မြတ်ဆုံးလေ။ ဒါကို PNO က သေနတ်လွယ်ပြီး ဘုန်းကြီးနောက်က ကပ္ပိယလုပ်တာဟာ ဘာသာရေးကို အလေးမထား မရိုမသေလုပ်တာပဲ။ မေတ္တာရှင်ဘုန်းတော်ကြီးတွေနဲ့ လူသတ်လက်နက်ကိုင်က တခြားစီ၊ လှူသူတွေအတွက် စိတ်အနှောင့်အရှက်ဖြစ်ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ယင်းဖြစ်ရပ်ကို တွေ့ရသည့် ဆရာတော်တစ်ပါးကလည်း ယင်းအပြုအမူမျိုးမှာ ရဟန်းတော်များအနေဖြင့် လစ်လျူမရှုသင့်ဟု မိန့်ကြားသည်။
စစ်ကောင်စီသည် ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူများကို ပစ်မှတ်ထားကာ ပစ်ခတ်သတ်ဖြတ်ပြီး စစ်ရာဇဝတ်ကျူးလွန်နေသလို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကလည်း ဘာသာရေးကို မရိုမသေ မလေးမစားပြုမှုနေသည်ဟု လူထုက ဝေဖန်သည်။
မဟာ
#MeKongNews









