မူဆယ် ကောင်းမူးလွယ်တွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ
မဲခေါင်၊ မတ် ၂၅
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့၊ ကောင်းမူးလွယ် ရပ်ကွက်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးတစ်ဉီးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း ဒေသခံများထံက သိရသည်။
မတ်လ ၂၄ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့၊ ကောင်းမူးလွယ်ရပ်ကွက်၊ မီးကင်းရုံးအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ပေါ်မှ အတင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အဲဘက်က တရုတ်တွေနေတာများသလို အငှားနေသူတွေလည်းများတယ်” ဟု မူဆယ်၊ ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။
မျက်နှာဖုံးစွပ်ထားသည့် ပြန်ပေးသမား ၃ဦးက အမျိုးသမီးကို အတင်းဆွဲခေါ်သွားပြီး Crown ကားဖြင့် မောင်းသွားစဥ် ဆိုင်ကယ်မှာလဲကျ ကျန်ခဲ့သလို အခြားသူများလည်းရှိနေသည်ကို CCTV တွင် တွေ့ရသည်။
ယင်းပြန်ပေးဆွဲမှုကို တွေ့မြင်ကြရသည့် လူအများက ကူညီမှုမပြုနိုင်သည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။
တရုတ်၊ မြန်မာ နယ်စပ်မြို့ ဖြစ်သည့်မူဆယ်တွင် စစ်ကောင်စီ၏ ရှမ်းအရှေ့မှတပ်များရှိနေသလို အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲများရှိနေသော်လည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များက ကျားဖြန့်ရုံများ၊ လောင်းကစားဝိုင်းများသာမက ရာဇဝတ်မှုများ ကျူး လွန်မှုများရှိနေရာ မကြာခဏ၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများဖြစ်ပွားနေပြီး ပြီးခဲ့သည့်မတ်လ၁၇ရက်က သေ နတ်အတုဖြင့် ပြည်သူ့စစ်ဝတ်စုံဝတ်သူ အယောင်ဆောင်၃ဦးကိုဖမ်ဆီးရမိကြောင်း သိရသည်။
၎င်းအပြင် မူဆယ် ၁၀၅ မိုင်မှာမတ်လ ၂၀ ရက် ည ၉ နာရီမှာ အမျိုးသားနှစ်ဦးက အသက် ၂၇ နှစ်အရွယ် မအီမွန်ဆိုတဲ့ အမျိုးသမီးကို ဓားနဲ့ ခုတ်မှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူတွေသည် ပြည်သူ့စစ်များဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews









