နေ့စဥ်သတင်း

ဖယ်ခုံ၊ မြင်းမထိတောင်တွင် သတ္ထုတူးမည့်ကိစ္စ ပရာဒေါင်းဆွေမျိုးစု ကန့်ကွက်

မဲခေါင် 23 Mar - 2025
မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ် ကုမ္ပဏီအနေဖြင့် လူထုကို အသိမပေးဘဲ သတ္ထုတူးဖော်မည့်ကိစ္စကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု ကယန်းလူမျိုးစုဝင် ပရာဒေါင်းဆွေမျိုးစုက ထုတ်ပြန်ထားသည်။ ကယန်းနယ်မြေတွင် လူမျိုးစု ၄ စု ရှိသည့်အနက် ပဲဒေါ့လူမျိုးစု၊ ပရာဒေါင်းဆွေမျိုးစုပိုင် နယ်မြေထဲရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ်ကုမ္ပဏီလိမိတက် သတ္ထုတူးဖော်ရန် တရုတ်ကုမ္ပဏီနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုကာ နယ်မြေခံလူထု အပါအဝင် ဆွေမျိုးစု၏ သဘောထားကို မေးမြန်းခြင်းမရှိဘဲ လုပ်ငန်းများလုပ်ဆောင်နေသည်ကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက မဲခေါင်ကို မတ် ၂၃ ရက်တွင် ပြောသည်။ “သတ္တုမတူးခင် နယ်မြေခံလူထုသဘောထားကို အရင်ဆုံးရယူပြီး

မဲခေါင်၊ မတ် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ် ကုမ္ပဏီအနေဖြင့် လူထုကို အသိမပေးဘဲ သတ္ထုတူးဖော်မည့်ကိစ္စကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု ကယန်းလူမျိုးစုဝင် ပရာဒေါင်းဆွေမျိုးစုက ထုတ်ပြန်ထားသည်။

ကယန်းနယ်မြေတွင် လူမျိုးစု ၄ စု ရှိသည့်အနက် ပဲဒေါ့လူမျိုးစု၊ ပရာဒေါင်းဆွေမျိုးစုပိုင် နယ်မြေထဲရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ်ကုမ္ပဏီလိမိတက် သတ္ထုတူးဖော်ရန် တရုတ်ကုမ္ပဏီနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုကာ နယ်မြေခံလူထု အပါအဝင် ဆွေမျိုးစု၏ သဘောထားကို မေးမြန်းခြင်းမရှိဘဲ လုပ်ငန်းများလုပ်ဆောင်နေသည်ကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက မဲခေါင်ကို မတ် ၂၃ ရက်တွင် ပြောသည်။

“သတ္တုမတူးခင် နယ်မြေခံလူထုသဘောထားကို အရင်ဆုံးရယူပြီး ခွင့်ပြုချက်ရမှ လုပ်နိုင်တာ၊ ခုက လုပ်ပိုင်ခွင့်လုပ်ရမှ လူထုကို လာတွေ့တာ ပြောင်းပြန်ကြီးဖြစ်နေတယ်။ ကျနော်တို့လူထုက တပိုင်တနိုင် လုပ်ကိုင်စားသောက်နေတာ၊ ဒါကို အင်အားကြီးနဲ့ဝင်လာပြီးလုပ်ရင် နယ်မြေခံလူထု အလုပ်အကိုင်ဆုံးရှုံးပြီး ဘဝရပ်တည်မှုတွေ ခက်ခဲမှာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေမှာဖြစ်လို့ ကန့်ကွက်တာပါ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ထို မတ်လ ၂၀ ရက်နေ့တွင် ပရာဒေါင်းဆွေမျိုးစုနယ်မြေ၊ သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန်(ခ)ဦးရွှေအေး နေအိမ်တွင် လေးပွင့်ကြယ် ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ သတ္ထုတူးဖော်မည့် ဧရိယာအကျယ်အဝန်း၊ လုပ်ငန်းအကော်အထည် ဖော်ဆောင်မှုပုံစံ၊ အချက်အလက်များ မေးမြန်းခဲ့သော်လည်း ကုမ္ပဏီကိုယ်စားလှယ်များက အချက်အလက်များ မသိရှိကြောင်း ပြောကြားခဲ့ပြီး သိရှိလိုပါက လေးပွင့်ကြယ် ကုမ္ပဏီ တာဝန်ရှိသူ၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်နှင့် တွေ့ဆုံမေးမြန်းရန် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

“ဦးသန်းစိုးနိုင်ပြောတာက သတ္တုထွက်တဲ့နေရာတွေမှာ ရွာတည်ခွင့် မရှိဘူး။ ရှိနေရင်လည်း ဖယ်ပေးရမယ့်သဘောမျိုး ပြောတယ်။ သူက အသင်းအဖွဲ့ဖွဲ့ဖို့နဲ့ အထောက်အပံ့ပေးမယ်လို့ပဲ ပြောတာ၊ နယ်မြေလူထုကတော့ လက်မခံဘူး” ဟု ခွန်းအောင်နိုင်စိုးက ပြောသည်။

ယင်းလေးပွင့်ကြယ်ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင် အဆိုပါ မြင်းမထိတောင်လုပ်ကွက်နေရာ၌ စက်ရုံလာဆောက်ခဲ့သော်လည်း နယ်မြေလူထုက လက်မခံခြင်း၊ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရာမှ ယခုတွင် လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် စတင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၁၆၄၄ ခုနှစ်က မိုး​ဗြဲစော်ဘွားကြီး သခင်ကျမိုင်းမှ ပေစာနှင့်တကွ ပရာဒေါင်း(လေခူဒေါင်)ဆွေမျိုးစုသို့ ပေးအပ်ခဲ့သည့် နယ်မြေများထဲတွင် မြင်းမထိတောင်ပါရှိပြီး မြင်မထိတောင် အပါအဝင် ဖယ်ခုံမြို့နယ်အတွင်း၌ သံဖြူ (Tin)၊ ဝူဖရမ်နှင့် အခြားသတ္တုများ ထွက်ရှိကြောင်း သိရသည်။

ကုမ္ပဏီဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ သတ္ထုတူးဖော်မည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးလိုပါက ဆွေမျိုးစုနယ်မြေအတွင်းသို့ လာရောက်တွေ့ဆုံမှသာ လက်ခံတွေ့ဆုံမည်ဟု ပရာဒေါင်းဆွေမျိုးစုက သဘောထားထုတ်ပြန်ထားသည်။

#MeKongNews
#မြင်းမထိတောင်
#ပရာဒေါင်း
#သတ္တုတူး
#ဖယ်ခုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now