မဲခေါင်၊ မတ် ၂၂
မတ် ၂၁ ရက် ဒေသစံတော်ချိန် ညသန်းခေါင်းကျော် ၁၂ နာရီ ခွဲတွင် ကန်ချနာဘူရီခရိုင်၊ ဆန်ခါလာဘူရီ အရပ် ၃၂၃ လမ်းပိုင်းတွင် မောင်းနှင့်လာသည့် ကားတစ်စီးကို ထိုင်းစစ်ဆေးရေးအဖွဲ့မှ တားဆီးရာ ရပ်တန့်မပေးဘဲ မောင်းပြေးသွားခဲ့ပြီး သောင်ဖာဖန်ခရိုင် လူသိများသော အပန်းဖြေရှိပ်သာ အနီး တောတွင်း စမ်းချောင်းဘေးတွင် ကားရပ်ကာ ယာဉ်မောင်း ထွက်ပြေးသွားမှုကြောင့် ခိုးဝင် မြန်မာနိုင်ငံ သား ၁၇ ယောက် ဖမ်းဆီးခံခဲ့ရသည်။
ကျား ၃ ဦးနှင့် မ ၁၄ ဦးတို့ ဖမ်းဆီးခံရမှုတွင် ၁ နှစ်သားအရွယ်တစ်ဦးအပါ ကလေး ၆ ဦးလည်း ပါဝင်ပြီး အလုပ်လုပ်ကိုင်ရန် ခိုးဝင်လာမှု၌ ပွဲစားကို ဘတ် ၁၀၀၀၀ ပေးခဲ့ရသည်ဟု ထွက်ဆိုကြ ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယာဉ်မောင်းမှာမူ တောစပ်သို့မောင်းပြေးပြီး ခြေဗလာဖြင့် ကားထားထွက်ပြေးသွားရာတွင် ဖမ်းဆီး ရမိခြင်းမရှိကြောင်းလည်း သိရသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ထိုင်း
#မြန်မာ
#တရာမဝင်
#ဖမ်းခံရ








