မဲခေါင်၊ မတ် ၂၀
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်က ဆန္ဒပြလူငယ်များ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း လေးနှစ်တင်းပြည့် အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် မတ်လ ၁၉ ရက်က ကျင်းပခဲ့ကြောင်း Urban Task Force AungBan-UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
အောက်မေ့ဖွယ် အခမ်းအနားသို့ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အောင်ပန်းသူ၊ အောင်ပန်းသားများ အလွတ်သဘောတက်ရောက်ခဲ့ကြောင်း Aung Ban-UTF က ထုတ်ပြန်သည်။
အောင်ပန်းမြို့ပြပြောက်ကျားတပ် တပ်ဖွဲ့အနေဖြင့် ရဲဘော်သစ်များခေါ်ယူပြီး အင်အားကောင်းလာအောင် ကြိုးစားနေကြောင်း၊ ထိုစဉ်ကတည်းက တော်လှန်ရေးတွင် ပါဝင်ခဲ့သူများမှာ တစ်ရက်မျှ မနားခဲ့ကြောင်း UTF ဘဏ္ဍာရေးနှင့် သတင်း/ပြန်ကြားရေး တာဝန်ခံ မစန္ဒီမှ ယနေ့ မတ်လ ၂၀ ရက်တွင် မဲခေါင်ကို ပြောသည်။
“အဲ့ဒီအချိန်ကစလို့ အခုချိန်ထိ တော်လှန်ရေးမှာပါဝင်ခဲ့တာ တစ်ရက်မှ မနားခဲ့ပါဘူး။ ကျဆုံးခဲ့ရတဲ့ ကလေးတွေ ရဲဘော်တွေအတွက် စစ်အာဏာရှင်ကျဆုံးသည်ထိ တော်လှန်တိုက်ထုတ်သွားပါမယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် ၄ နှစ်ကာလ မတ်လ ၁၉ ရက်တွင် အောင်ပန်းမြို့၌ ဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖြိုခွင်းရာ လူငယ် ၁၁ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
လူငယ်အများအပြားသေဆုံးခဲ့ရသည့် အောင်ပန်းမြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုကို စစ်ကောင်စီ၏ တောင်လေးလုံးရဲတပ်ရင်း၊ အမှတ် ၃ ပညာရေးတပ်နှင့် အမတ ၄ တို့မှ အင်အား ၂၀၀ ခန့်က ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။
မဟာ
#MeKongNews
#UTF
#အောင်ပန်းမြို့ပြပျောက်ကြား
#အောက်မေ့ဖွယ်အခမ်းအနား
#အောင်ပန်း








