မဲခေါင်၊ မတ် ၁၈
မတ် ၁၇ ရက်ညမှစပြီး အစ္စရေးတပ်သည် ဂါဇာအတွင်းမှ ဟားမက်စ်ပစ်မှတ်များကို ဦးတည်ကာ ဒုံးကျည်များ၊ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် နှစ်ဖက်ကြား အပစ်ရပ်စဲထားမှု ပျယ် ပျက်သွားခဲ့ပြီး ဟားမက်စ် စီနီယာခေါင်းဆောင်များစွာအပါ အနည်းဆုံး ၃၂၆ ယောက် သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အစ္စရေးနှင့်ဟားမက်စ်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမက်စ်ဘက်မှ ကျန်ရှိဓားစာခံများပြန်လွှတ်ပေးရန် အစ္စရေး၏တောင်းဆိုမှုကို အကြိမ်ကြိမ်ငြင်းပယ်နေခြင်း ၊ အစ္စရေးဘက်မှ သဘောတူညီချက်တချို့ပြင်ဆင်ရန်တောင်းဆိုမှုကို မလိုက်နာခြင်း၊ အပစ်ရပ်ထားသည့်ကာလအတွင်း လက်နက်လူသူစုဆောင်းကာ ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ကြောင့်ဟုဆိုကာ အစ္စရေးက အမေရိကန်သမ္မတထံ ကြိုတင်တင်ပြပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ခွန်းအားနှင့်ဓား ဟု အမည်ပေးထားပြီး အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ လီယာဗစ်က ဟားမက်စ်၊ ဟူသီ၊ အီရန်အားလုံးသည် အကြမ်းဖက်မှုများကို အစ္စရေး အပေါ်တစ်ခုတည်းသာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အမေရိကန်ကိုပါ ထိပါနေခြင်းကြောင့် တန်ဖိုး ကြီးစွာပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ငရဲအားလုံး ပျက်ဆီးရလိမ့်မည်၊ ထရမ့်သည် တရားဥပဒေ လိုက်နာသူများအတွက် ရပ်တည်ပေးရန် လုံး၀အကြောက်အရွံ့ကင်းသူဖြစ်သည်ကို အရှေ့အလယ်ပိုင်း မှ အကြမ်းဖက်များ သတိကြီးကြီးထားသိထားသင့်ကြောင်း၊ မိမိတို့ မိတ်ဆွေ၊ မဟာမိတ် အစ္စရေး အတွက် ခိုင်မာစွာရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
Ref: jns
ကိုကလင်း
#MeKongNews
#အစ္စရေး
#ဂါဇာ
#လေကြောင်း
#ဟားမက်စ်
#စစ်ပွဲ








