နေ့စဥ်သတင်း

မိုင်းဆတ်က တရားမဝင် ရွှေလုပ်ကွက်များကို ထိုင်းဒေသခံများ ဆန္ဒပြ

မဲခေါင် 15 Mar - 2025
မဲခေါင်၊ မတ် ၁၅ မြန်မာဒေသခံများသာမက ထိုင်းပြည်သူများကိုပါ ထိခိုက်မှုရှိသည့်အတွက် မိုင်းဆတ်မြို့နယ်တောင်ဘက် နမ့်ခုတ်မြစ် (ဒေသအခေါ် မိုင်းခုတ်ချောင်း) ပေါ်တွင် ရွှေတူးဖော်မှုများကို ကန့်ကွက်ကြောင်း ထိုင်းပြည်သူများမှ မတ်လ ၁၄ ရက်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ ယနေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်၊ တာတွန်းကျေးရွာရှိ ဒေသခံပြည်သူများမှ မတ်လ ၁၄ ရက်တွင် ​ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ နမ့်ခုတ်မြစ်အတွင်း ရွှေတူးဖော်မှုများကို ဆန္ဒပြခြင်းဖြစ်ပြီး ဒေသခံ ၇၀၀ ကျော်က မြို့နယ်စာသင်ကျောင်း၌ စုဝေးကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်း SHRF ထုတ်ပြန်ချက်တွင်

မဲခေါင်၊ မတ် ၁၅

မြန်မာဒေသခံများသာမက ထိုင်းပြည်သူများကိုပါ ထိခိုက်မှုရှိသည့်အတွက် မိုင်းဆတ်မြို့နယ်တောင်ဘက် နမ့်ခုတ်မြစ် (ဒေသအခေါ် မိုင်းခုတ်ချောင်း) ပေါ်တွင် ရွှေတူးဖော်မှုများကို ကန့်ကွက်ကြောင်း ထိုင်းပြည်သူများမှ မတ်လ ၁၄ ရက်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ ယနေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်၊ တာတွန်းကျေးရွာရှိ ဒေသခံပြည်သူများမှ မတ်လ ၁၄ ရက်တွင် ​ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ နမ့်ခုတ်မြစ်အတွင်း ရွှေတူးဖော်မှုများကို ဆန္ဒပြခြင်းဖြစ်ပြီး ဒေသခံ ၇၀၀ ကျော်က မြို့နယ်စာသင်ကျောင်း၌ စုဝေးကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုလိုမျိုး ရွှေတူးဖော်မှုတွေက မြန်မာတစ်နိုင်ငံတည်း ထိခိုက်တာမဟုတ်ဘဲ နှစ်ဘက်ထိခိုက်မှုတွေ ရှိလာတာဖြစ်ပါတယ်။ အခုလိုမျိုး ဒီရွှေတွင်းတွေပိတ်ဖို့ ထိုင်းပြည်သူတွေကပါ ဆန္ဒရှိလာလို့ ဝမ်းသာပါတယ်” SHRF ပြန်ကြားရေး ယိင်းလျန်းဟန်က မဲခေါင်ကို ပြောသည်။

နမ့်ခုတ်မြစ်တစ်လျှောက်ရှိ သတ္တုတူးဖော်မှုနှင့် သစ်တောခုတ်ထွင်မှုများကြောင့် ယမန်နှစ်ကဖြစ်ပေါ်ခဲ့သော မကြုံစဖူး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်မှုများကဲ့သို့ နယ်စပ်ဖြတ်ကျော်အကျိုးသက်ရောက်မှုများကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ထိုင်းဒေသခံ ပြည်သူများသည် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ထိုင်းဒေသခံဦးဆောင်သူများမှ ဖတ်ကြားသော ထုတ်ပြန်ကြေညာချက်တွင် “မိုးခေါင်မှု၊ ရေကြီးမှု၊ တောမီးလောင်မှု၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ဟာ လူတိုင်းရဲ့ ဘဝနဲ့နေထိုင်မှုကို သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ဒီကပ်ဘေးတွေဟာ လူတွေက လုပ်ယူတာဖြစ်ပြီးတော့ နမ့်ခုတ်နဲ့ တခြား မြစ်တွေကို ဖျက်ဆီးနေတဲ့ သစ်တောခုတ်ထွင်းတာ၊ ရည်ရွယ်ချက်နဲ့တောမီးရှို့တာ၊ သတ္တုတူးတာနဲ့ ဆည်ကြီးတွေကို ဆောက်တာတွေကြောင့်ပဲဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအဝင် မိမိတို့လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို ဤသက်ရောက်မှုများအပေါ် အသိပညာရှိစေရန်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းနှင့် အနာဂတ်ကို ထိခိုက်စေနှိင်သည့် သဘာဝသယံဇာတဖျက်စီးမှုများကို ရပ်တန့်နိုင်ရေးအတွက် သတိပေးလိုပါသည်” ဟု ပါရှိသည်။

ပွဲဦးဆောင်စီစဥ်သူများက ယခုလှုပ်ရှားမှုသည် ပြည်သူလူထုများအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများကို အဓိကဦးတည်ရန်နှင့် ယခုဖြစ်စဥ်များကို တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကိုသာမက အနီးအနားနိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ဆိုသည်ကို သိရှိစေရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင်ပြီးခဲ့သည့် ၂၀၂၃ ခုနစ်မှစတင်ကာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA တပ်ဖွဲ့ထိန်းချုပ်ထားသော မိုင်းဆတ်မြို့တောင်ပိုင်းနှင့် မိုင်းယွန်းမြို့တို့ရှိ နမ့်ခုတ်မြစ်ကမ်းတစ်လျှောက်တွင် အကြီးစား ရွှေတူးဖော်မှုများကို ပြုလုပ်လာခဲ့သည်ဟု ပါရှိသည်။

ယင်းရွှေတူးဖော်မှု စွန့်ပစ်ပစ္စည်းများ၏ သက်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၌ နမ့်ခုတ်မြစ်ပေါ် တွင် ကြီးမားသောရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ရာ မိုင်းယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်းရှမ်းရွာသည် ရွံမြေနှင့် ရေဆိုးများဖြင့်နှစ်မြုပ်သွားသည့်အပြင် ထိုင်းဘက်ကမ်းနယ်စပ် တာတွန်းနှင့် ချင်းမိုင်ခရိုင် မြောက်ဘက် နမ့်ခုတ်မြစ်တစ်လျှောက်ရှိ ကျေးရွာများသည်လည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည်ဟု ဆိုသည်။

နမ့်ခုတ်မြစ်ခေါ် မိုင်းခုတ်ချောင်းအတွင်း ရွှေတူဖော်မှုများအကြောင်း မဲခေါင်သတင်းဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သတင်းဖော်ပြခဲ့ပြီး ယင်းသတင်းထဲတွင် နမ့်ခုတ်မြစ်သည် ရွှေတူးဖော်မှုကြောင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၂ နှစ်ကျော်ကာလအတွင်း သိသာစွာ ပျက်စီးသွားကြောင်း အထောက်အထားများဖြင့် ဖော်ပြခဲ့သည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် တရားမဝင်ရွှေတူးဖော်မှုများ၊ သတ္တုတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးလာပြီး ၂၀၂၄ ခုနှစ် မိုးရာသီအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဆိုးရွာသည့် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရပြီး အိုး၊ အိမ်များစွာ ပျက်စီးကာ လူရာနှင့်ချီ သေဆုံးခဲ့ရသည်။

#MeKongNews
#နမ့်ခုတ်မြစ်
#မိုင်းခုတ်ချောင်း
#ရွှေတူး
#SHRF
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now