ဆောင်းပါး

ပယ်ဆောက်ချိန်နောက်ကို စောချစ်သူဘယ်လမ်းကလိုက်မလဲ (သုံးသပ်ချက်ဆောင်းပါး)

မဲခေါင် 13 Mar - 2025
~ လင်းမောင် ~ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်ပြီးဆုံးသည့်နေ့၌ပင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာနိုင်ငံသို့ ရောက်လာသည်။ မတ်လ ၁၀ရက်နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံး တရားဝင် ခရီးစဉ်ပင်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အကြောင်းအရာပေါင်းများစွာ ဖြစ်ပျက်နေသည့် အချိန်နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင်။ ရုရှားခေါင်းဆောင်ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖက်လှဲတကင်းတွေ့ဆုံထားသည့် ခရီးစဉ်၊ အာရက္ခတပ်တော် – AA က အလုံးစုံနီးပါးသိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုများအရေး၊ ရှမ်းမြောက်တွင် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများအရေး၊ ကျားဖြန့်နှိမ်နင်းရေး ဒုတိယလှိုင်းဖြစ်သည့် “ဇင်ယော်” စစ်ဆင်ရေးတို့မှာ တရုတ်၏ အကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆွေးနွေးစရာ အကြောင်းတရားများဖြစ်သည်။ မြန်မာစစ်ကောင်စီဘက်မူ တိန့်ရှီးကျွင်း၏

~ လင်းမောင် ~

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်ပြီးဆုံးသည့်နေ့၌ပင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာနိုင်ငံသို့ ရောက်လာသည်။ မတ်လ ၁၀ရက်နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံး တရားဝင် ခရီးစဉ်ပင်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အကြောင်းအရာပေါင်းများစွာ ဖြစ်ပျက်နေသည့် အချိန်နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင်။

ရုရှားခေါင်းဆောင်ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖက်လှဲတကင်းတွေ့ဆုံထားသည့် ခရီးစဉ်၊ အာရက္ခတပ်တော် – AA က အလုံးစုံနီးပါးသိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုများအရေး၊ ရှမ်းမြောက်တွင် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများအရေး၊ ကျားဖြန့်နှိမ်နင်းရေး ဒုတိယလှိုင်းဖြစ်သည့် “ဇင်ယော်” စစ်ဆင်ရေးတို့မှာ တရုတ်၏ အကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆွေးနွေးစရာ အကြောင်းတရားများဖြစ်သည်။

မြန်မာစစ်ကောင်စီဘက်မူ တိန့်ရှီးကျွင်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် အခြေအနေများ၊ နယ်စပ်ဒေသတွင် တိုးမြင့်လာသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးအခြေအနေများကို ဆွေးနွေးကြသည်ဟု ဆိုသည်။

သုတေသီများကမူ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စ၊ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ရောက်ရှိနေပြီဖြစ်သည့် တရုတ်လုံခြုံရေးတပ်ဖွဲ့များ ကိစ္စ၊ တရုတ်-မြန်မာ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စ၊ ရှမ်းမြောက်ရှိတိုက်ပွဲများကိစ္စ၊ လတ်တလော ရေပန်းစားနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကိစ္စနှင့် ရုရှားနှင့် အလွမ်းသင့်နေသည့် မြန်မာစစ်တပ်ကိစ္စတို့ကို အဓိကထားဆွေးနွေးဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

မစ္စတာ တိန့်ရှီးကျွင်းမှာ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ရက်အထိ မြန်မာစစ်ကောင်စီအပါအဝင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ခပ်စိပ်စိပ်တွေ့ဆုံခဲ့သည်။

၂၀၂၂ ဒီဇင်ဘာလ ၂၉ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် စတင်တွေ့ဆုံခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်တွင် မြောက်ပိုင်းမဟာမိတ် – FPNCC အဖွဲ့များနှင့် မိုင်းလားတွင်တွေ့ဆုံခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၆ရက်တွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၇ရက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံခဲ့ကာ ဇူလိုင်လ ၂၈ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ရက်တွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထပ်မံတွေ့ဆုံကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ရက်တွင် NCA ၈ နှစ်ပြည့်ပွဲသို့တက်ရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ယင်းမှာ တိန့်ရှီးကျွင်း၏ နောက်ဆုံးအကြိမ်တရားဝင်ခရီးစဉ်ဖြစ်ပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်တွင်မှ ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ရက် ခရီးစဉ်အပြီး သီတင်းပတ် ၂ပတ်အကြာဖြစ်သည့် အောက်တိုဘာလ ၂၇ရက်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာနိုင်ငံ၏ တော်လှန်ရေးသမိုင်းတွင် လွန်စွာအရေးပါသည့် စစ်ဆင်ရေးဖြစ်ပြီး ယင်းစစ်ဆင်ရေး အပိုင်း – ၁ နှင့် အပိုင်း – ၂ တို့တွင် တိုင်းရင်းသားတော်လှန်ရေးတပ်များဖြစ်သည့် TNLA နှင့် MNDAA တို့က ရှမ်းမြောက်ရှိ မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ရရှိခဲ့ပြီး AA က ရခိုင်ပြည်နယ်ရှိ နယ်မြေအားလုံးနီးပါးကို ရရှိခဲ့သည်။ စစ်ကောင်စီ၏ အရေးပါသည့် စစ်တိုင်းဖြစ်သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လည်း ကျဆုံးခဲ့ရသလို ထိပ်တန်းအဆင့်အရာရှိအချို့ ဖမ်းဆီးခံရကာ စစ်ကောင်စီအတွက် အထိနာခဲ့ရသည်။

ယင်း “၁၀၂၇ စစ်ဆင်ရေး” ၏ အဓိကရည်ရွယ်ချက်များထဲတွင် ရှမ်းပြည်မြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရေးမှာ နံပတ် (၁) နေရာတွင်ရှိခဲ့ပြီး လက်တွေ့တွင်လည်း ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရာ၌ ထိရောက်မှုရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ထောက်ခံမှုဖြင့် ကျားဖြန့်နှိမ်နင်းသာ မဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေးတပ်များအတွက် စစ်ရေးအောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ရာ ယင်းဖိအားကို မခံနိုင်သည့်အဆုံးတွင် စစ်ကောင်စီမှာ ၎င်း၏မိတ်ဆွေ ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်က တရုတ်လက်သို့ အပ်ကာ ချကြွေးခဲ့ရသည်။

ပယ်ဆောက်ချိန်မှာ ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ မဟာမိတ်ဖြစ်လာပြီး တရုတ်ထံ ဖမ်းဆီးလွှဲပြောင်းခြင်း မပြုမီအထိ စစ်ကောင်စီနှင့် ပယ်ဆောက်ချိန်မိသားစုအကြား ခိုင်မာသည့် အပြန်အလှန် အကျိုးပြုမှု ရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် တရုတ်အစိုးရသည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရုံဖြင့် မပြီး၊ သက်ဆိုင်သူများအားလုံးကို တရားစီရင်နိုင်သည်အထိ အားထုတ်ခဲ့သည်ကို အထင်အရှားမြင်နိုင်သည်။

ထိုစဉ်က ရှမ်းမြောက်ရှိကျားဖြန့်လုပ်ငန်းများ တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်အလုံးစုံပျောက်ကွယ်သွားခြင်း မဟုတ်ခဲ့ပေ။ နယ်မြေရွှေ့ပြောင်းသွားသည်များရှိသလို တရုတ်နိုင်ငံနှင့် နယ်စပ်မဟုတ်သည့် မြန်မာနိုင်ငံ၏ အခြားနယ်စပ်များတွင် အများအပြား ရှိနေဆဲဖြစ်သည်။ ယင်းအခြေအနေကို တရုတ်အစိုးရကလည်း သိရှိပြီးဖြစ်သည့်အတွက် ကျားဖြန့် နှိမ်နင်းရေး ဒုတိယအစီအစဉ်ကို စတင်ခဲ့သည်။ ယင်းမှာ “ဇင်ယော်စစ်ဆင်ရေး” ဖြစ်သည်။

ဤစစ်ဆင်ရေးတွင် မဲခေါင်ဒေသတွင်း ၆ နိုင်ငံဖြစ်သည့် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ဇန်နဝါရီလ ၂၁ရက်တွင် ထုတ်ပြန်သည်။ ယင်းနောက်ဆက်တွဲအဖြစ် မြဝတီနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို ကယ်ထုတ်ခြင်း၊ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဖြတ်တောက်ခြင်းနှင့် မြဝတီရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်နေသည့် ကရင်နယ်ခြားစောင့်တပ် – BGF ခေါင်းဆောင်များကို ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထိုင်း – မြန်မာနယ်စပ်ရှိ မြို့ ၃မြို့ဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့တွင် လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုကို ထိုင်းနိုင်ငံဘက်က ဖြတ်တောက်လိုက်ပြီး ယင်းအကျိုးဆက်ကို ဒေသခံပြည်သူများ ခါးသည်းစွာ ခံစားနေရသည်။ ယင်းနောက်တွင် ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတစ်ယောက် ကျားဖြန့်နှိမ်နင်းရေးဟုဆိုကာ အင်တိုက်အားတိုက် လုပ်ပြတော့သည်။ စောချစ်သူအနေဖြင့် ကျားဖြန့်နှိမ်နင်းရေးဟုဆိုသော်လည်း အချိန်နှောင်းပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ရက်တွင် ထိုင်းအစိုးရက ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ကရင် BGF ခေါင်းဆောင်အချို့ကို ဖမ်းဝရမ်းထုတ်ရန် ဆော်ဩလိုက်သည်။

ထိုင်းအစိုးရအနေဖြင့် စောချစ်သူနှင့် BGF ထိပ်ပိုင်းအရာရှိများကို ဖမ်းဝရမ်းထုတ်နိုင်သည် မှန်သော်လည်း အမှန်တကယ်ဖမ်းဆီးနိုင်ရေးတွင်မှု ကန့်သတ်ချက်များစွာ ရှိနေသည်။ အမှန်တကယ် ဖမ်းဆီးပေးနိုင်သည်က မြန်မာစစ်ကောင်စီပင်ဖြစ်သည်။

ဗိုလ်မှူးကြီး စောချစ်သူအနေဖြင့် ပယ်ဆောက်ချိန်ကဲ့သို့ ကံကြမ္မာဆိုးမျိုး မကြုံလာရစေရန် စွမ်းနိုင်သရွေ့ကြိုးစားနေသည်ကို မြင်တွေ့ရသည်။ ၎င်းခွင့်ပြုခဲ့သည့် ကျားဖြန့်လုပ်ငန်းများကို ၎င်းလက်ဖြင့်ပင် နှိမ်နင်းနေပြီး ကျားဖြန့်လုပ်သားများကိုလည်း ထိုင်းအစိုးရဖြင့် ညှိနှိုင်းကာ အားသွန်ခွန်စိုက်ပြန်ပို့နေသည်။ မီဒီယာများကို အသုံးချကာ ၎င်းမည်သို့မည်ပုံ ကျားဖြန့်နှိမ်နင်းရေးကို အားစိုက်နေပါကြောင်း သတင်းစကားများလွှင့်နေသည်။ ကျားဖြန့်လုပ်ငန်းများကို ၎င်းလည်ပတ်လုပ်ကိုင်နေခြင်း မဟုတ်ဘဲ မြေနေရာငှားပေးရုံသာဖြစ်သည်ဟု “မိုးကြိုးပစ်ထန်းလျက်ကာ” သတင်းစကားများကို ဖြန့်ဝေလျက်ရှိသည်။

သို့သော် မြန်မာစစ်တပ် ကျောထောက်နောက်ခံဖြင့် တန်ခိုးထွားလာသည့် ဗိုလ်မှူးကြီးစောချစ်သူနှင့် ပယ်ဆောက်ချိန်တို့တွင် တူညီသည့် ကြမ္မာများစွာရှိနေသည်။ စောချစ်သူနှင့် ပယ်ဆောက်ချိန်တို့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် – BGF အဖြစ် ပြောင်းလဲချိန်တွင် တန်ခိုးထွားလာသူများဖြစ်သည်။ မြန်မာစစ်တပ်၏ ပစားပေးမှုဖြင့် လုပ်ပိုင်ခွင့်များစွာ ရရှိလာသူများဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုကာ ကြီးထွားစေခဲ့သူများဖြစ်သည်။ နောက်ဆုံးတွင် တရုတ်အစိုးရ အလိုရှိသူများဖြစ်လာသည်။

မစ္စတာတိန့်ရှီးကျွင်းသည် တစ်နှစ်ခွဲခန့် နေပြည်တော်နှင့် အဆက်အသွယ်ပြတ်နေရာမှ ရုတ်တရက်ပေါ်လာသည်။ မြန်မာစစ်ကောင်စီနှင့် တရုတ်အစိုးရအကြား ဆွေးနွေးစရာ အကြောင်းချင်းရာများစွာ ရှိနေပြီး ယင်းထဲတွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ခေါင်းဆောင်များ၏ အနာဂတ်သည်လည်း မလွဲမသွေပါဝင်လာမည်ဖြစ်သည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်၊ ရှမ်းအရှေ့နယ်စပ်မှ မူးယစ်ခေါင်းဆောင်နော်ခမ်းတို့ ဥပမာများအရ စောချစ်သူနှင့် အပေါင်းအပါများကို တရုတ်အစိုးရမှ လက်ရဖမ်းဆီးရန်ကြိုးပမ်းမည်ဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။ ၎င်းတို့ကို နေပြည်တော်မှ ဘေဂျင်းသို့ ပို့မည်လော၊ ဘန်ကောက်မှ ဘေဂျင်းသို့ ပို့မည်လော ဆိုသည်ကိုသာ စောင့်ကြည့်ရန်ရှိတော့သည်။

#MeKongNews
#ကျားဖြန့်
#တိန့်ရှီးကျွင်း
#စောချစ်သူ
#ပယ်စောက်ချိန်
#တရုတ်
#BGF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now