မဲခေါင်၊ မတ် ၁၂
ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများလုပ်ခွင့်မရှိသော အလုပ်များကို မြန်မာများစွာ လုပ်ဆောင်နေမှု အတွက် တိုင်ကြားဆန့်ကျင်မှုများကြောင့် စီမံကိန်းချ ဖမ်းဆီးနေရာ မတ် ၁၂ ရက်နေ့တွင် ဆူရတ်ဌာနီခရိုင်၊ ကော့စမွေရှိ ဘိုဖတ်အရပ်၌ စျေးရောင်းဝန်ထမ်းပြုလုပ်သည်ဟု ဝန်ခံခဲ့သော ၃၅ နှစ် အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်တွင် မြန်မာအမျိုးသမီး အရောင်းဝန်ထမ်းအဖြစ် တစ်လလစာ ဘတ် ၁၂၀၀၀ ကို ထိုင်းဆိုင်ရှင်ထံမှ ရရှိပြီး ဒေသခံအာဏာပိုင်များ၊ အမှတ် (၄) တိုင်းဒေသကြီးပြည်တွင်းလုံခြုံရေးနှင့်စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ဝင်များသည် ကုန်စုံဆိုင်အားဝင်ဖမ်းရာ ဆိုင်ရှင်ထိုင်းနိုင်ငံသား သူဌေးမရှိဘဲ မြန်မာအမျိုးသမီးက တစ်လ အရောင်းဝန်ထမ်းအဖြစ် ဘတ် ၁၂၀၀၀ ရယူကာ မြန်မာထုတ်ကုန်စည်များကို ရောင်းချနေကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းဖော်ပြမှုတွင် ဆိုင်ရှေ့၌ ထိုင်းအလံ၊ မြန်မာအလံပါ ပူးတွဲချိတ်ထားသည့် ဓာတ်ပုံများကို မြင်ရသလို ၀ှိုက်ဘုတ်တွင် မြန်မာကုန်စုံဆိုင်ဟု ရေးထားသည်လည်း တွေ့ရပြီး အရောင်းစာရေး မြန်မ အမျိုးသမီးသည် ဝန်ထမ်းအဖြစ် ၇ လကြာ လုပ်ကိုင်နေကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။
ပြည်ပနိုင်ငံသားများ လုပ်ခွင့်မရှိသော အလုပ်လုပ်ကိုင်သည်ဆိုကာ ဘိုဖတ်ရဲစခန်းသို့ ခေါ်ဆောင် အမှုဖွင့်စစ်ဆေးနေကြောင်း၊ မြန်မာထုတ် မှတ်ပုံမတင်ထားသော ဆေးဝါးများအပါ အမျိုးအစားပေါင်း ၆၀ ရှိသည့် ကုန်ပစ္စည်းပေါင်း ၁၀၄၁ ခုကိုပါ သိမ်းဆည်းခဲ့သည်ဟု သိရှိရသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ကော့စမွီ
#မြန်မာ
#ထိုင်း
#ဖမ်းဆီး
#အထောက်အထားမဲ့








