နေ့စဥ်သတင်း

မိုင်းဆတ်ဘက်မှ တရုတ်သို့ပို့မည့် သစ်မှောင်ခိုကားများ ညစဉ်ထွက်နေ

မဲခေါင် 10 Mar - 2025
မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းမှ မှောင်ခိုသစ်ကားများ ညစဉ် ထွက်နေပြီး လမ်းရှိဂိတ်များတွင် တစ်စီးလျှင် ကျပ်သိန်း ၂၁၀ မှ ကျပ်သိန်း ၃၀၀ ကြားပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းတုံမြို့နယ်၊ မိုင်းကန်အုပ်စုဘက်၊ သံလွင်အရှေ့ဘက်ကမ်းတစ်လျှောက်နှင့်၊ မိုင်းဆတ်၊ နမ့်စင်ချောင်းဒေသမှ ထွက်သည့် သစ်များကို မိုင်းဆတ် – မိုင်းခုတ် – တာချီလိတ် လမ်းကြောင်းအတိုင်းသယ်ဆောင်သွားခြင်းဖြစ်ပြီး မိုင်းဆတ်နှင့် မိုင်းခုတ်တို့တွင် ဌာနဆိုင်ရာအားလုံးကို လမ်းကြေး သိန်း ၁၁၀ ရှင်းရကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။ “ဒါက အတိအကျသိရတဲ့ဂိတ်တွေပေါ့။ တချို့ကြုံရင်ကြုံသလိုရှင်းရတဲ့ ဂိတ်တွေလည်းရှိသေးတယ်။ တစ်စီးကို ကျပ်သိန်း ၂၁၀ နဲ့ ကျပ် သိန်း

မဲခေါင်၊ မတ် ၁၀

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းမှ မှောင်ခိုသစ်ကားများ ညစဉ် ထွက်နေပြီး လမ်းရှိဂိတ်များတွင် တစ်စီးလျှင် ကျပ်သိန်း ၂၁၀ မှ ကျပ်သိန်း ၃၀၀ ကြားပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းတုံမြို့နယ်၊ မိုင်းကန်အုပ်စုဘက်၊ သံလွင်အရှေ့ဘက်ကမ်းတစ်လျှောက်နှင့်၊ မိုင်းဆတ်၊ နမ့်စင်ချောင်းဒေသမှ ထွက်သည့် သစ်များကို မိုင်းဆတ် – မိုင်းခုတ် – တာချီလိတ် လမ်းကြောင်းအတိုင်းသယ်ဆောင်သွားခြင်းဖြစ်ပြီး မိုင်းဆတ်နှင့် မိုင်းခုတ်တို့တွင် ဌာနဆိုင်ရာအားလုံးကို လမ်းကြေး သိန်း ၁၁၀ ရှင်းရကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။

“ဒါက အတိအကျသိရတဲ့ဂိတ်တွေပေါ့။ တချို့ကြုံရင်ကြုံသလိုရှင်းရတဲ့ ဂိတ်တွေလည်းရှိသေးတယ်။ တစ်စီးကို ကျပ်သိန်း ၂၁၀ နဲ့ ကျပ် သိန်း ၃၀၀ကြား ကုန်တယ်။ ၇ရက်နေ့(မတ်လ) ညပိုင်းက ၁၀ဘီးကားနဲ့ ၃စီးထွက်သွားတယ်” ဟု ၎င်းကပြောသည်။

ခိုးထုတ် သစ်များမှာ တရုတ်မှ စျေးကောင်းပေးဝယ်သည့် ပိတောက်နှင့် ကျွန်းသစ်များဖြစ်ပြီး တာချီလိတ်ကိုဖြတ်ကာ မဲခေါင်မြစ်ကြောင်းမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချသည်လည်းရှိသလို နမ့်စင်ချောင်းအတိုင်း မိုင်းဆတ်အထိသွားကာ မိုင်းခုတ်ဗျူဟာလမ်းမှတဆင့် မိုင်းပျဉ်း – မိုင်းယောင်းကို ကားဖြင့်ဖြတ်ပြီး တရုတ်နိုင်ငံအတွင်း တင်ပို့ရောင်းချသည်လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း သစ်ခိုးထုတ်မှုကြောင့်လမ်းပျက်သွားသော်လည်း လမ်းကိုပြန်မပြုပြင်ပေးကြောင်း၊ သစ်တောဌာနအပါအဝင် အာဏာပိုင်များနှင့် သစ်မှောင်ခိုသမားများ စိတ်တိုင်းကျခိုးထုတ်နေကြောင်း မိုင်းဆတ်ဒေသခံတစ်ဦးက ပြောသည်။

နမ့်စင်ချောင်းဘက်မှာ တရားမဝင်ကျွန်းသစ်တွေ၊ ပိတောက်တွေ ခိုးထုတ်နေတာပါ။ အခုချိန်ထိလည်း ခိုးထုတ်နေကြပါတယ်။ နိုင်ငံတော်အတွက်လည်း အကျိုးမရှိပါဘူး။ မိုင်းဆတ်ပြည်သူတွေအတွေက်လည်း အကျိုးမရှိဘဲ ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ ပေါင်းပြီးလုပ်စားနေကြတာပါ ဟု ၎င်းကပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် တရားမဝင်သစ်ထုတ်ခြင်းလုပ်ငန်းများ အရှိန်အဟုတ်ဖြင့် များပြားလာပြီး တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများနှင့် ဒေသအာဏာပိုင်များ၊ ပြည်သူ့စစ်များ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇော်မြင့်
#MeKongNews
#ရှမ်းအရှေ့
#သစ်ခိုးထုတ်
#တရုတ်
#လိုင်းကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now