အမေရိကန်သမ္မတများသမိုင်းတွင် အရှည်ကြာဆုံး လွှတ်တော်မိန့်ခွန်း ဒေါ်နယ်ထရမ့် ပြောကြား
မဲခေါင်၊ မတ် ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည့် မတ် ၄ ရက်နေ့က လွှတ်တော်ပူးတွဲအစည်းအဝေးတွင် အမေရိကန် သမ္မတများသမိုင်း၌ အရှည်ကြာဆုံး မိန့်ခွန်းအဖြစ် ၁ နာရီနှင့် မိနစ် ၄၀ ကျော်ကြာ ပြောကြားခဲ့သည်။
ယခင် အရှည်ဆုံးမိန့်ခွန်းပြောဆိုခဲ့သည့် အမေရိကန်သမ္မတမှာ ဘီလ်ကလင်တန်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က မိန့်ခွန်းကို ၁ နာရီ၊ ၂၈ မိနစ်၊ ၄၉ စက္ကန့်ကြာပြောဆိုခဲ့ခြင်းဖြစ်သည့်အတွက် ထရမ့်သည် မိန့်ခွန်းအရှည်ကြာဆုံးပြောသော အမေရိကန်သမ္မတအဖြစ် စံချိန်သစ်တင်သွားခဲ့သည်။
ထရမ့်က ဂျိုးဘိုင်ဒန်နှင့် ဒီမိုကရက်တစ်များ လက်အောက် နိုင်ငံစီးပွားရေးကျဆင်းသွားခြင်းနှင့် အလွဲသုံးစားမှု များ၊ လူဝင်မှုကြီးကြပ်ရေးပြဿနာ၊ နိုင်ငံခြားရေးမူဝါဒများအားလုံးကို အမြန်ဆုံးနှင့် မဆုတ်မနစ် အားစိုက် ပြုပြင်ပြောင်းလဲပေးသွားမည်ဟု ကတိပေးစကားပြောရာတွင် ၁ နာရီ မိနစ် ၄၀ ကျော် ပြောသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ထရမ့်အစိုးရလက်ထက် အထက်လွှတ်တော်နှင့်အောက်လွှတ်တော် နှစ်ရပ်စလုံး၌ ၎င်း၏ ရီပါဘလစ်ကန်အမတ်အများစု နေရာရထားပြီးဖြစ်ရာ အစိုးရအဖွဲ့အင်အားကို မလိုအပ်ဘဲ အများအပြားခန့်ထား ခြင်းမှ လျှောချမှုများဖြင့် ပြန်လည်ဖွဲ့စည်းပြီး အမေရိကသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး နိုင်ငံတော်အဖြစ် ပြန်လည် ဖန်တီး တည်ဆောက်ပေးသွားမည်ဖြစ်ဟု ဆိုသည်။
မရေရာသည့် မြောက်အမေရိကကုန်စည်စစ်ပွဲ အကျိုးဆက်တွင် မိမိတို့နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ ပူးပေါင်းပြီး စီးပွားရေးတည်ငြိမ်မှုကို ဖော်ဆောင်ကာ လူထုက မိမိအား တင်မြှောက်ပေးထားသဖြင့် ထိုအလုပ်များအားလုံးသည် မိမိတာဝန်ဖြစ်သည်ဟု ပြောသွားခဲ့သည်။
ထို့အပြင် သေဆုံးပြီးဖြစ်သော အသက် ၁၀၀ နှင့်အထက် လူသန်းပေါင်းများစွာကို မိမိအစိုးရအဖွဲ့မှ လူမှု ဖူလုံ ကြေးများပေးနေခဲ့သည်ဆိုခြင်းမှာ မှားယွင်းသော စွပ်စွဲချက်ဖြစ်ကာ ဒီမိုကရက်များဘက်မှ လုပ်ကြံထွင်လုံး ထုတ်ခြင်းသာဖြစ်သည်ဟုလည်း ထရမ့်က ရှင်းလင်းပြောကြားခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews








