ဖယ်ခုံ၊ အုံတိုင်းရွာမှ ရဟန်းတစ်ပါးနှင့်လူတစ်ဦး သတ်ဖြတ်ခံရ
မဲခေါင်၊ မတ် ၅
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊အင်း အရှေ့ဖက်ကမ်း အုံတိုင်းရွာ ဘုန်းကြီးကျောင်းရှေ့တွင် ဦးဇင်းတစ်ပါးနှင့် အရပ်သားတစ်ဦးတို့ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန် ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်းမှ ဦးဇင်းပိန်နှင့် ဆီစက်ပိုင်ရှင် ဦးကယားမောင်၏သား အိုက်ပီးတို့ကို ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင်များက သေနတ်နဲ့ ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ပစ်သတ်ခံရသည့် ရဟန်းမှာ စစ်ဘေးရှောင်များကို ကူညီသူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ယင်း ဦးဇင်းနှင့် အိုက်ပီးတို့ကို မည်သည့်အဖွဲ့ သတ်ဖြတ်သွားသည်ကို သေချာစွာ မသိရသေးပေ။
ဖယ်ခုံအင်းအရှေ့ခြမ်း နားဟီးကျေးရွာအုပ်စု ၊ လွယ်ပေါကျေးရွာအုပ်စု ၊ ကုရင်ကျေးရွာအုပ်စုများတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်များလည်း လှုပ်ရှားနေပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
မဟာ
#MeKongNews








