မဲခေါင်၊ မတ် ၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Ramkhamhaeng အရပ်ရှိ အဆောက်အအုံတစ်ခုအတွင်း တရားမဝင် ပိုကာကစားသည့်လုပ်ငန်း စီစဉ်ကျင်းပပေးနေသော အဆောက်အအုံတစ်ခုကို မတ် ၄ ရက်ညတွင် ထိုင်းရဲက ဝင်ရောက်ဖမ်းဆီးရာ နိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံခြားသား ၅၂ ယောက်ကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ပိုကာကစားခြင်းကို Games တစ်ခုအဖြစ် သတ်မှတ်ကြသော်လည်း ထိုင်းဥပဒေတွင် တားမြစ်ထားသည့် လောင်းကစားမှုဖြစ်သောကြောင့် သတင်းအရ ကလောင်ချန်းခရိုင်နှင့် ဘန်ကာပီလမ်းဆုံအနီး အဆောက်အအုံသို့ ဝင်ရောက်ရှာဖွေရာမှ ဒါဇင်နှင့်ချီသော ပိုကာကစားနေသူများကို လောင်းကစားသည့် ငွေကြေးအစစ်များနှင့်အတူ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက် မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်သွားခဲ့သည်။
ပိုကာကစားသူများမှာ ဗီယက်နမ်၊ အစ္စရေး၊ ဘီလာရုစ်၊ ပါကစ္စတန်၊ ဒိန်းမတ်၊ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ အိုက်စလန်နှင့် ရုရှားနိုင်ငံသားများဖြစ်သည်။
ဖမ်းဆီးမှုတွင် ပိုကာစားပွဲ ၃ လုံး၊ ထိုင်ခုံ ၆၆ လုံး၊ ဖဲထုတ်များ၊ လက်တော့ ၂ လုံး၊ ငွေရေစက်တစ်လုံး၊ နာရီ၊ ဘတ် ၁ သိန်းသတ်မှတ်ထားသည့် Chip ပြား ဘတ် ၃၂ သန်းဖိုး၊ ငွေသားထိုင်းဘတ် ၃၁၅၀၅၀၊ ဒေါ်လာ ၁၉၀၀၊ တရုတ်ယွမ်ငွေ ၁၀၀၊ စုစုပေါင်း ဘတ် ဘတ် ၅၁ သန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ဘန်ကောက်ဖဲဝိုင်း
#ပိုကာ
#နိုင်ငံခြားသား
#ထိုင်းဘတ်ငွေ








