နေ့စဥ်သတင်း

၂ လအတွင်း ပအိုဝ်းပြည်သူ့စစ် ၂၁ ဦးကို အသေဖမ်းမိကြောင်း ဖယ်ခုံ PDF ထုတ်ပြန်

မဲခေါင် 1 Mar - 2025
မဲခေါင်၊ မတ် ၁ ရှမ်းပြည်နှင့် ကရင်နီပြည်နယ် နယ်စပ်တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့်တိုက်ပွဲများ၌ ပအိုဝ်းပြည်သူ့စစ် – PNO/PNA တပ်ဖွဲ့ဝင် ၂၁ ဦးကို အသေဖမ်းမိပြီး လက်နက်အလက် ၃၀ ကျော်လည်း ရရှိခဲ့ကြောင်း ဖယ်ခုံ PDF – အမှတ် ၁၀၀၆ တပ်ရင်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ၂ လတာ စစ်ဆင်ရေးအစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် အပိုင်း ၉ ပိုင်း ပါဝင်သည်။ ပြီးခဲ့သည့် ၂ လတာအတွင်း မိုးဗြဲ၊ လွယ်လုံ၊ ရေပူ၊

မဲခေါင်၊ မတ် ၁

ရှမ်းပြည်နှင့် ကရင်နီပြည်နယ် နယ်စပ်တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့်တိုက်ပွဲများ၌ ပအိုဝ်းပြည်သူ့စစ် – PNO/PNA တပ်ဖွဲ့ဝင် ၂၁ ဦးကို အသေဖမ်းမိပြီး လက်နက်အလက် ၃၀ ကျော်လည်း ရရှိခဲ့ကြောင်း ဖယ်ခုံ PDF – အမှတ် ၁၀၀၆ တပ်ရင်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ၂ လတာ စစ်ဆင်ရေးအစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် အပိုင်း ၉ ပိုင်း ပါဝင်သည်။

ပြီးခဲ့သည့် ၂ လတာအတွင်း မိုးဗြဲ၊ လွယ်လုံ၊ ရေပူ၊ ရေဖြူတိုက်ပွဲများ အပါအဝင် စစ်ကောင်စီနှင့် ၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတစ်ကြိမ်၊ ဒေသတွင်းတိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဖယ်ခုံ ၁၀၀၆ PDF Drone force က စစ်ကောင်စီတပ် ခမရ-၄၂၂ ကို ၂ လတာအတွင်းတိုက်ခိုက်မှုတွင် စစ်ကြောင်းမှူး ၁ ဦးနှင့် ၅ ဦးအသေရရှိခဲ့သလို စုစုပေါင်း ၂၃ ဦးအထိ ချေမှုန်းနိုင်ခဲ့ကာ ၂၁ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း တော်လှန်ရေးမဟာမိတ်အင်အားစုများဘက်မှ ရန်သူ့လက်နက် ၃၀ ကျော်ရရှိခဲ့ပြီး PNO ပြည်သူ့စစ် ၂၁ ဦးကို အသေရရှိကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းမှာ ပြည်သူများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရသည့် သတင်းများအပေါ် ဆုံးဖြတ်ချက်မချဘဲ သတင်းမှန်ရရှိကာ တော်လှန်ရေးမည်သို့ခရီးဆက်နေသည်ကို သိရှိစေရန်အတွက်ဖြစ်ကြောင်း၊ နောင်တွင်လည်း လစဉ် အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF – အမှတ် ၁၀၀၆ တပ်ရင်း ပြောခွင့်ရသူက မဲခေါင်သတင်းကို ပြောသည်။

“တစ်ပြည်လုံးအတိုင်းအတာနဲ့ တော်လှန်နေရာမှာ ကိုယ့်ဒေသ ကိုယ့်နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်နေနိုင်တာဟာ ပြည်သူတွေရဲ့ အထောက်အပံ့တွေ​နဲ့သာ ပန်းတိုင်ကို ရောက်မှာပါ၊ ပြည်သူတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာပေါ်မှာတင် မဆုံးဖြတ်နေဘဲ တစ်ကယ့် သတင်းအမှန်တွေအပေါ်မှာ ဝေဖန်ဆုံးဖြတ်နိုင်ဖို့ အချက်အလက်တွေကို ထုတ်ပြန်တာပါ၊ သေချာတဲ့မှတ်တမ်းတွေရှိတယ်၊ မှားတာ ရှိရင်လည်း အလုပ်အတူလုပ်တဲ့တပ်ရင်းတွေက ဝေဖန်ပြောပေးနိုင်တဲ့အနေအထားရှိတယ်၊ ပြည်သူတွေအနေနဲ့လည်း ​တော်လှန်ရေးတပ်တွေ ဘယ်လိုသွားနေတယ်ဆိုတာ စောင့်ကြည့် ဝေဖန်ဆုံးဖြတ်နိုင်တာပေါ့၊ ဒီအစီရင်ခံစာတွေ လစဥ်ထုတ်ပြန်သွားဖို့ရှိပါ့မယ်” ဟု ၎င်းက ယနေ့ မတ်လ ၁ ရက် နံနက်ပိုင်းတွင် ပြောသည်။

ဖယ်ခုံ PDF အနေဖြင့် စခန်းသိမ်းတိုက်ပွဲ ၁ ကြိမ်၊ ဒေသတွင်းတိုက်ပွဲ ၁၈ ကြိမ်အပြင် ဒရုန်းတိုက်ပွဲများအနေဖြင့် မိုး​ဗြဲတွင် ၅၆ကြိမ်၊ ညောင်ရွှေမြို့နယ် လွယ်လုံတွင် ၂၈ ကြိမ်၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူစခန်းသိမ်းတိုက်ပွဲ ၆ ကြိမ်၊ ညောင်ရွှေမြို့နယ်၊ ရေပူ ၁ ၄ကြိမ်ဖြင့် စုစုပေါင်း ၁၀၄ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

တပ်ရင်းအနေဖြင့် သိမ်းဆည်းရမိသည့် လက်နက် ၈ လက်၊ PNO စစ်သုံ့ပန်း ၆ ဦးရှိခဲ့ပြီး တပ်ရင်းသို့ CDM လုပ်လာသူ ၈ ဦးနှင့် ပါရှိသည့်လက်နက် ၆ လက် ရရှိခဲ့ကြောင်း သိရသည်။

စစ်သုံ့ပန်းများအနက် အရွယ်မရောက်သေးသူ ကလေးသူငယ် ၁ ဦး ပါဝင်ကာ စိတ်ကျန်းမာရေး အခြေအနေဆိုးသွမ်းသူများ ပါဝင်နေကြောင်း တွေ့ရသည်ဟု ဆိုသည်။

အဆုံးအရှုံးထိခိုက်မှုအနေဖြင့် ဒရုန်း ၂ စင်းနှင့် ထောက်ပို့ကား ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး စိုးရိမ်ဒဏ်ရာရ ၅ ဦး၊ သာမန်ဒဏ်ရာရ ၁၂ ဦး၊ ကုသဆဲ ၄ ဦးရှိပြီး ကျဆုံး၊ အင်္ဂါစွန့်သူမရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံ PDF တပ်ရင်း အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် နယ်မြေများပြန်လည်ရရှိရန် နေ့စဥ်နှင့်အမျှ ထိုးစစ်ဆင်မှုများရှိနေပြီး အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများ၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးကာ တပ်တွင်း ညှဥ်းပန်းနှိပ်စက် စေခိုင်းမှုများရှိကြောင်း သိရသည်။

ကယ်ဆယ်ကုသရေးအနေဖြင့် အရပ်သားပြည်သူ ၂၄ ဦး ကို ကုသခဲ့ရသည်ဟု ဆိုသည်။

တော်လှန်ရေးတပ်များအနေဖြင့် မြေပြင်၊ ဝေဟင်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO တို့ကို ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနှင့်ညောင်ရွှေမြို့နယ်များတွင် အပြင်းအထန်ခုခံတိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းကာ အင်အားသုံးထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်သည့်အတွက် စစ်ဘေးရှောင်ဦးရေမှာလည်း ၆၅၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း Pao Youth Organization ၏ စာရင်းများအရ သိရသည်။

မဟာ
#MeKongNews
#ဖယ်ခုံPDF
#၁၀၀၆တပ်ရင်း
#ပအိုဝ်းပြည်သူ့စစ်
#PNO
#ဖယ်ခုံ
#မိုးဗြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now