ကမ္ဘာ့သတင်း

ယူကရိန်းမှ မြေရှားသတ္တု ဒေါ်လာဘီလီယံ ၅၀၀ တန် သဘောတူစာချုပ် ဇီလန်းစကီး လက်မှတ်ထိုးဖွယ်ရှိဟု ထရမ့်ဖွင့်ဟ၊ နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်နိုင်ရေး မေ့လိုက်ဟု ဆိုပြန်

မဲခေါင် 28 Feb - 2025
ယူကရိန်းမှ မြေရှားသတ္တု ဒေါ်လာဘီလီယံ ၅၀၀ တန် သဘောတူစာချုပ် ဇီလန်းစကီး လက်မှတ်ထိုးဖွယ်ရှိဟု ထရမ့်ဖွင့်ဟ၊ နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်နိုင်ရေး မေ့လိုက်ဟု ဆိုပြန်

ယူကရိန်းမှ မြေရှားသတ္တု ဒေါ်လာဘီလီယံ ၅၀၀ တန် သဘောတူစာချုပ် ဇီလန်းစကီး လက်မှတ်ထိုးဖွယ်ရှိဟု ထရမ့်ဖွင့်ဟ၊ နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်နိုင်ရေး မေ့လိုက်ဟု ဆိုပြန်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ဖေဖော်ဝါရီ ၂၈ ရက်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဝါရှင်တန်ဒီစီ၌ တွေ့ဆုံရန်စီစဉ်ထားပြီး ထိုတွေ့ဆုံမှုမတိုင်ခင်မှာပင် ဇီလန်းစကီးဘက်က ယူကရိန်းတွင် မြေရှားသတ္တု အပါ တခြားသော တွင်းထွက်ပစ္စည်း ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုး ထုတ်ရောင်းပေးမည့် စာချုပ် လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု ထရမ့်က ပြောကြားသွားခဲ့သည်။

လက်ရှိတွင် ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးတည်ဆောက်ရန် ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်သာ တွေ့ဆုံကာ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ပြီး ယူကရိန်းကိုမူ ခေါ်ယူခြင်းမရှိဘဲ ငြိမ်းချမ်းရေးအဆို ရုရှားဘက်တင်ပြမှု အတွက် ဝေဖန်မှုများမြင့်တက်နေသည်။

ထို့အပြင် အမေရိကန်သည် ဂျိုးဘိုင်ဒန်လက်ထက်က ယူကရိန်းထံ စစ်ရေးအထောက်အပံ့အများဆုံးပေးခဲ့ရသော နိုင်ငံဖြစ်နေသည့်အတွက် ဆက်လက် ထောက်ပံ့မှုများ ရှိနိုင်ရေး နှင့် ငြိမ်းချမ်းရေးရရေး ယူကရိန်းမြေပေါ်မှာ သဘာ၀သယံဇာတများ ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုးကို အမေရိကန် ထံ ထူးဖော်ထုတ်လုပ်ခွင့်ပြုရန် တောင်းဆိုထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထရမ်သည် အစိုးရအဖွဲ့အစည်းအဝေး၌ မြေရှားသတ္တုသိုက် တူးဖော်ထုတ်လုပ်ခွင့် ရရေး ယူကရိန်းသမ္မတ ဇီလန်းစကီးသည် မိမိနှင့် ဝါရှင်တန်၌ လာရောက်မတွေ့ဆုံမီမှာပင် သဘောတူလက်မှတ် ရေးထိုးလာဖွယ်ရှိကြောင်း၊ ထိုစာချုပ်သည် အမေရိကန်အကျိုးစီးပွားအတွက် အလွန်အမင်း ကြီးမားသော အကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဖြစ်သလို ယူကရိန်းအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အဓိကထုတ်လုပ်အသုံးပြုသော မြေရှားသတ္တု၏ ကမ္ဘာ့စျေးကွက်ကြီးကို တရုတ်က အဓိက ချုပ် ကိုင်ထားရာ အမေရိကန်သည် တရုတ်နှင့် မဟာစီးပွားရေးပြိုင်ဘက်ဖြစ်နေသည့်အတွက် ယူကရိန်းထံမှ မြေရှား သတ္တုသိုက် တူးဖော်အသုံးပြုနိုင်လျှင် များစွာအကျိုးရှိမည်ကို ထရမ့်နှင့် အတိုင်ပင်ခံတစ်ဦးဖြစ်သော အီလွန်မာ့ခ် တို့က ကြိုတင်တွက်ချက်ထားပြီးသားဖြစ်သည်။

ဇီလန်းစကီးဘက်မှ အဆိုပါ မြေရှားထုတ်လုပ်ခွင့်ပေးမည့် သဘောတူစာချုပ် ချုပ်ပေးခဲ့လျှင်ပင် ဒေါ်နယ်ထရမ့်က ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်အတွက် လုံး၀မမျှော်လင့်ထားနိုင်ကြောင်း၊ ထိုသို့မျှော်လင့်ခဲ့သည့်အတွက်သာ ရုရှားက ယူကရိန်းကို ကျူးကျော်သည် စစ်ပွဲ ဖြစ်တည်လာရခြင်းဖြစ်သည်ဟု အစိုးရအစည်းအဝေး၌ ပြောဆိုသွားခဲ့သည်။

Ref:Thesun
ကိုကလင်း
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now