နေ့စဥ်သတင်း

ပြီးခဲ့သည့်တစ်ပတ်အတွင်း ရှမ်းပြည်နယ်၌ ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ၊ ထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်းမရှိသေး

မဲခေါင် 23 Feb - 2025
မဲခေါင်၊ဖေဖော်ဝါရီ ၂၃ ယခုလ ၁၆ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း ရှမ်းပြည်နယ်၌ ကျပ်သိန်း ၄၇၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား စစ်ကောင်စီလက်အောက်ခံ ရဲနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မနေ့က(ဖေဖော်ဝါရီ ၂၂ ရက်) နေ့လယ် ၁ နာရီခန့်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပါကွေ့(အောက်)ကျေးရွာအနီး ဘာဘင်(ခ)အားဘူ ဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ် ၁၆၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် ၂၄ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။ ယခုလ ၂၁ ရက်၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၌ စိုင်းကျော်(ခ)အိုက်စိုင်းဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌

မဲခေါင်၊ဖေဖော်ဝါရီ ၂၃

ယခုလ ၁၆ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း ရှမ်းပြည်နယ်၌ ကျပ်သိန်း ၄၇၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား စစ်ကောင်စီလက်အောက်ခံ ရဲနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

မနေ့က(ဖေဖော်ဝါရီ ၂၂ ရက်) နေ့လယ် ၁ နာရီခန့်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပါကွေ့(အောက်)ကျေးရွာအနီး ဘာဘင်(ခ)အားဘူ ဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ် ၁၆၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် ၂၄ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။

ယခုလ ၂၁ ရက်၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၌ စိုင်းကျော်(ခ)အိုက်စိုင်းဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၅၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၃၅၀ ဂရမ်အား ဖမ်းဆီးရမိခဲ့သည်။

၎င်းနေအိမ်၌ရှာဖွေရာ စိုင်းမောင်စိုင်း ဆိုသူနှင့်အတူ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃ ကီလိုအား ထပ်မံဖမ်းဆီးရမိသည်။

ယခုလ ၂၁ ရက်တွင်ပင် ညနေပိုင်း၌ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ၀မ်တာပုံကျေးရွာအနီး မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ စိုင်းရီသန်းဆိုသူ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်၌ ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၅၀ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။

ယခုလ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင်လည်း ရှမ်းပြည်၊ တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့သို့ပို့ဆောင်မည့် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြားအား လွမ်းဝေထွန်း ဆိုသူနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားပြီး စိတ်ပြောင်းစေသော ဆေးဝါးဥပဒေများနှင့် အရေးယူသွားမည်ဟု CCDAC Myanmar က ထုတ်ပြန်သည်။

ယခုတပတ် မြန်မာနိုင်ငံ ဒေသအသီးသီးသို့ဝင်ရောက်မည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်အရှေ့ပိုင်းမှ အဓိကထွက်ရှိနေသော်လည်း ရောင်းဝယ်သုံးစွဲသူများကိုသာ စစ်ကောင်စီက ဖမ်းဆီးနေပြီး ထုတ်လုပ်နေသူများအား ဖမ်းဆီးနိုင်ခြင်း မရှိပေ။

မဲခေါင်မှ စောင့်ကြည့်ထားသောစာရင်းများအရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၅ ရက်အထိ ရှမ်းပြည်နယ်တဝှမ်း ကာလငွေကျပ်သိန်းပေါင်း ၁၁၁ ဒသမ ၆ ဘီလီယံအား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဂနိုက်
#MeKongNews
#မူးယစ်ဆေး
#တောင်ကြီး
#ကျိုင်းတုံ
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now