ဒေသတွင်းသတင်း

UAB pay ဖြင့်ကျောင်းအပ်လက်ခံသည့်စနစ်သည် လွယ်ကူချောမွေ့ခြင်းမရှိသည့်အပြင် ကျောင်းသားများ စစ်မှုထမ်းရေးအထိ သက်ရောက်မှုရှိနိုင်

မဲခေါင် 20 Feb - 2025
UAB pay ဖြင့်ကျောင်းအပ်လက်ခံသည့်စနစ်သည် လွယ်ကူချောမွေ့ခြင်းမရှိသည့်အပြင် ကျောင်းသားများ စစ်မှုထမ်းရေးအထိ သက်ရောက်မှုရှိနိုင်

UAB pay ဖြင့်ကျောင်းအပ်လက်ခံသည့်စနစ်သည် လွယ်ကူချောမွေ့ခြင်းမရှိသည့်အပြင် ကျောင်းသားများ စစ်မှုထမ်းရေးအထိ သက်ရောက်မှုရှိနိုင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၀

စစ်ကောင်စီက တက္ကသိုလ်ကျောင်းအပ်နှံခြင်း လွယ်ကူလျင်မြန်စေရန်ဟုဆိုကာ ကျောင်းအပ်ခငွေ ပေးချေခြင်းကို အွန်လိုင်းစနစ်သို့ ပြောင်းလဲလိုက်သော်လည်း လွယ်ကူလျှင်မြန်ခြင်းမရှိပဲ ယခင်ကထက် ပိုမိုကြန့်ကြာနေကြောင်းသိရသည်။

ထိုစနစ်သည် ကျောင်းသားများ စစ်မှုထမ်းရေးအတွက် အချက်အလက်များရရှိစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟုသတင်းအရင်းအမြစ်တချို့ကသုံးသပ်ကြသည်။

စစ်ကောင်စီသည် သူ့လက်အောက်ခံ တက္ကသိုလ်ကျောင်းများ၌ ကျောင်းအပ်ရာတွင် ကျောင်းအပ်ခငွေပေးချေမှု လွယ်ကူလျင်မြန်စေရန်ဟုဆိုကာ UAB pay ဖြင့် ပေးဆောင်နိုင်ရန် စီစဉ်ခြင်းဟုသော်လည်း ပြောင်းလဲလိုက်သည့် ကျောင်းအပ်မှုပုံစံနှင့် အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုပုံကို ကျောင်းအပ်နှံသူများထံ ကြိုတင်အသိပေးခြင်းများ မရှိသည့်သဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ကျောင်းအပ်နှံသည့် ကျောင်းသားတစ်ဦးက ပြောသည်။

“ ဒီတိုင်းပဲ ပုံမှန်ကျောင်းအပ်သလိုဘဲ ထင်ပြီး သူငယ်ချင်းတွေနဲ့ သွားကြတာ၊ ဟိုရောက်မှ အကောင့်ရှိမှ အပ်ရမယ် ဘာညာ ဖြစ်ကုန်တော့ ကျွန်တော်က ဆက်မအပ်ပဲ လှည့်ပြန်လိုက်တယ်၊ သူတို့တွေ(ဘဏ်ဝန်ထမ်း)က နှစ်ယောက်လောက်နဲ့ ဖွင့်ပေးတယ်၊ လူများတော့ မနိုင်ပဲ လူတွေ စုပြုံနေတာပဲ”ဟု သူက ပြောသည်။

အလားတူ UAB Pay သည် ကျောင်းသားအများစု အသုံးပြုနေသည့် Kpay၊ wave pay နှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံအနှံ့ တွင်ကျယ်သည့် အွန်လိုင်းငွေပေးချေမှု App မဟုတ်သဖြင့် ကျောင်းအပ်မှုကို UAB Pay တခုတည်းသာ အသုံးပြု၍ ကျောင်းအပ်နှံရခြင်းသည်လည်း ပိုမိုကြန့်ကြာစေခြင်းဖြစ်သည်။

ပြောင်းလဲလိုက်သည့် ကျောင်းအပ်စနစ်သည် ပုံမှန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များတွင် ကျောင်းသားများ၏ အချက်အလက်များကို သိမ်းဆည်းထားသည့်သဘော ဖြစ်နိုင်သော်လည်း အစိုးရမှ တက္ကသိုလ်များအားလုံးကို ထိန်းချုပ်ထားသည့်အခြေအနေတွင် ကျောင်းသားများ၏ အချက်အလက်ကို လက်ခံစုဆောင်းထားခြင်းသည်မဖြစ်သင့်ကြောင်း တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲဘော်တစ်ဦးက ပြောသည်။

“ အစိုးရတစ်ခုက ပြည်တွင်းရှိ တက္ကသိုလ်အကုန်လုံးကို ထိန်းချုပ်ပြီး လုပ်တာဆိုတော့လေ ကျောင်းသားတွေရဲ့ data အချက်အလက်တွေ အသေးစိတ် ရယူယုံမကဘူး၊ ကျောင်းတက်ကာလအတွင်း စစ်သင်တန်းတွေ၊ ကျောင်းပြီးရင် စစ်မှုထမ်းတွေ အဲလောက်အထိပါ သက်ရောက်မှုရှိလာမယ်လို့ထင်တယ်” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ အဝေးသင်တက္ကသိုလ်ကျောင်းအပ်နှံမှုကို နှစ်အလိုက် ပထမနှစ် ကျောင်းအပ်မှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၅ခုနှစ် ဧပြီလ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ဒုတိယနှစ်နှင့်အထက် ကျောင်းအပ်မှုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ မေလ ၁၆ ရက်အထိ လက်ခံကြောင်း ထုတ်ပြန်ထားသည်။

ယူနိုက်တက်အမရာဘဏ် (UAB Bank) ပိုင်ရှင် ဦးနေအောင်သည် စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီဖြစ်သည်။ ၎င်းတို့၏ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးအောင်သောင်းသည် နအဖ စစ်အစိုးရလက်ထက်တွင် စီးပွားကူးသန်းဝန်ကြီးဌာန၏ ဒုဝန်ကြီးနှင့် စက်မူ (၁) ဝန်ကြီးဌာန၏ ဝန်ကြီးလည်းဖြစ်သည်။

UAB Bank ပိုင်ရှင် ဦးနေအောင်သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တည်သည့် မာရဝိဇယရုပ်တုတွင် သိန်းငါးထောင်ထည့်ဝင်လှူဒါန်းခဲ့သည့်အပြင် စစ်ကောင်စီမှ ရောင်းချသည့် ငွေတိုက်စာချုက်ကို ရောင်းချပေးခဲ့သည့် ဘဏ်လည်းဖြစ်သည်။

သုဝဏ္ဏခွန်
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now