နေ့စဥ်သတင်း

နယူးဒေလီဘူတာရုံတွင် ဘာသာရေးပွဲတော်သွားမည့်သူ များပြားလွန်းမှုကြောင့် လူပြိုသဖြင့် ၁၈ ဦး သေဆုံး

မဲခေါင် 16 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၆ ၁၂ နှစ်မှတစ်ကြိမ်ကျင်းပသော ကမ္ဘာ့ဘာသာရေးပွဲတော်များထဲ၌ အကြီးမားဆုံးသော ပွဲတော် မဟာကု(မ်)မယ်လာသွား ခရီးသည်ပေါင်းများပြားလွန်းရာက နယူးဒေလီဘူတာရုံတွင် လူပြိုပိပြီး အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ရာထောင်ချီသော ခရီးသွားများသည် နယူးဒေလီဘူတာမှ ပွဲတော်ရှိရာ အက်တာပရာဒက်ရှ်ပြည်နယ် Prayagraj သို့သွားမည့် အထူး ရထား ၂ စီးကို စောင့်ဆိုင်းနေကြပြီး ဘူတာရုံ တာဝန်ရှိသူများက မှားယွင်းကာ ရထားလာမည့် စင်္ကြန်ပြောင်းလဲကြောင်း ကြေညာမိရာမှ စင်္ကြန်အမှတ် ၁၄ နှင့် ၁၅ တွင် လူများစွာ ၀ရုန်းသုန်းကား တိုးဝှေ့ရာမှ ယခုလို သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

၁၂ နှစ်မှတစ်ကြိမ်ကျင်းပသော ကမ္ဘာ့ဘာသာရေးပွဲတော်များထဲ၌ အကြီးမားဆုံးသော ပွဲတော် မဟာကု(မ်)မယ်လာသွား ခရီးသည်ပေါင်းများပြားလွန်းရာက နယူးဒေလီဘူတာရုံတွင် လူပြိုပိပြီး အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ရာထောင်ချီသော ခရီးသွားများသည် နယူးဒေလီဘူတာမှ ပွဲတော်ရှိရာ အက်တာပရာဒက်ရှ်ပြည်နယ် Prayagraj သို့သွားမည့် အထူး ရထား ၂ စီးကို စောင့်ဆိုင်းနေကြပြီး ဘူတာရုံ တာဝန်ရှိသူများက မှားယွင်းကာ ရထားလာမည့် စင်္ကြန်ပြောင်းလဲကြောင်း ကြေညာမိရာမှ စင်္ကြန်အမှတ် ၁၄ နှင့် ၁၅ တွင် လူများစွာ ၀ရုန်းသုန်းကား တိုးဝှေ့ရာမှ ယခုလို သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ ဟိန္ဒူဘာသာဝင် သန်းပေါင်းများစွာ လာရောက်မြစ်ရေချိုးရသည့် မဟာကု(မ်) ပွဲတော်ကို ၆ ပတ်တာ ကျင်ပနေရာ ယခုအဖြစ်အပျက်အတွက် အစောပိုင်းတွင် အာဏာပိုင်များက ဖုံးဖိထားသော်လည်း သန်းခေါင်းကျော်ချိန်တွင် သေဆုံးမှုသတင်းများကို မဖုံးဖိနိုင်တော့ဘဲ ကြေညာခဲ့ရာ အမျိုးသမီး ၁၁ ယောက်နှင့် ကလေး ၅ ယောက် သေဆုံးကြောင်းပါ ထုတ်ပြန်ခဲ့သည်။

ဘူတာရုံမှ စင်္ကြန်၁၂ တွင်စောင့်ဆိုင်းနေသော ခရီးသည်များ စင်္ကြန်အမှတ် ၁၆ သို့ ပြောင်းရမည်ဖြစ်ကြောင်း ကြေညာရာမှ လူများစွာ စင်္ကြံကူးရာမှာ လူများတွန်းထိုးပြိုပိပြီး သေဆုံးရခြင်းဖြစ်ကြောင်း ဇနီးသည်ပါ သေဆုံးသူထဲပါသွားသည့် အိန္ဒိယအမျိုးသား ဂီရီက ဖွင့်ဟပြောဆိုခဲ့သည်။

ပြီးခဲ့သည့် လကလည်း နယူးဒေလီ ဘူတာရုံတွင် မဟာကု(မ်) ပွဲတော်သွားများ လူပြိုပိမှုဖြစ်ခဲ့သေးပြီး အနည်းဆုံး အယောက် ၃၀ သေဆုံးသည်ဟု ကြေညာခဲ့သော်လည်း မီဒီယာစုံစမ်းမှုသတင်းများအရ အယောက် ၇၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

အိန္ဒိယမီးရထားစနစ်တွင် စီမံခန့်ခွဲမှုအားနည်းချက်များ၊ အမှားများ မကြာခဏဖြစ်ပေါ်ပြီး လူသေဆုံးမှုများ ပြားသော ရထားချင်းဆိုင်တိုက်မှုများဖြစ်ပွားသလို ယခုလည်း စီမံမှုအလွဲအမှားကြောင့် ၁၈ ယောက်သေဆုံး ကာ အများအပြား ဒဏ်ရာရပြီးဆေးရုံတင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်အတွင်းကလည်း အိန္ဒိယတွင် ရထားချင်း တိုက်မိပြီး လူပေါင်း ၂၈၈ ယောက် သေဆုံးခဲ့ရသေးသည်။

Ref: independent
ကိုကလင်း
#MeKongNews
#ဘာသာရေးပွဲတော်
#အိန္ဒိယ
#လူပြိုပိ
#သေဆုံး
#နယူးဒေလီ
#အာဏာပိုင်
#အက်တာပရာဒေ့ရှ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now