လက်ရှိ ထိုင်းရဲချုပ်အမှု အရေးယူခြင်းမရှိသဖြင့် ဥပဒေချိုးဖောက်ခြင်းဟု ထိုင်းဒုရဲချုပ်ဟောင်း ပြန်လည်စွပ်စွဲ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
၂၀၂၄ ခုနှစ်အတွင်းက တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့်ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုနှင့် ရာထူးမှ ဖယ်ရှားခံရသော ထိုင်းဒုရဲချုပ်ဟောင်းက လက်ရှိ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်သည်လည်း ကိုယ့်အမှုတွဲကျမှ အရေးမယူဘဲ မျက်ကွယ်ပြုထားခြင်းမှာ ဥပဒေကို ချိုး ဖောက်ခြင်းဖြစ်သည်ဟု ပြန်လည် စွပ်စွဲခဲ့သည်။
Big Joke ဟု ချစ်စနိုးခေါ်ကြသော ဒုရဲချုပ်ဟောင်း ဟက်ခ်ပန်းကို ဝန်ကြီးချုပ်ဟောင်း ဆရတ်ထာသာက ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ မတ် ၂၀ ရက်မှ စတင်ကာ ထိုင်းရဲချုပ်အဖြစ် ကီထရတ်ဖန်ဖက်က တာဝန်ယူစဉ် ရဲအရာရှိများစွာ ရာဇဝတ်မှုများကျူးလွန်လာဘ်စားခြင်းဖြင့် အရေးယူခံရမှုများ ရှိခဲ့သည်။
သို့သော် ကီထရတ်ဖန်ဖက် ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည့် ဘတ်သန်း ၁၄၀ ငွေညှစ်ခဲ့သည့်အမှုနှင့် ပတ်သက်ပြီး အဓိက တရားခံ ရဲမှူးချုပ် အပါအဝင် အမှုတွဲ သံသယတရားခံများကိုမူ ရာထူး ရပ်ဆိုင်းခြင်းမပြုသည့်အပြင် စုံစမ်းစစ်ဆေးမှုပင် မလုပ်ဆောင်ခြင်းက ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇ နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာအက်ဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဂုဏ်သရေကို ငြှိုးနွမ်းစေသည်ဟုဆိုကာ ဟက်ခ်ပန်းက အမျိုးသားအကျင့်ပျက်ခြစားမှု ကော်မရှင်ထံသို့လိပ်မူပြီး ပသမ်ဝမ်ရဲစခန်းမှတစ်ဆင့် တရားစွဲမှု ပြုလုပ်ခဲ့သည်။
Ref: Thai Enquirer
ကိုကလင်း
#MeKongNews
ပုံအညွှန်း- လာဘ်စားမှုဖြင့် ရာထူးမှဖြုတ်ချခံရသည့် ထိုင်းဒုရဲချုပ်ဟောင်း








