နေ့စဥ်သတင်း

BGF ခေါင်းဆောင် စောချစ်သူကို ဖမ်းမိလျှင် ခဲတစ်လုံးနှင့်ငှက် အကောင် ၁၀၀ ထိမည်ဟု ထိုင်းလွှတ်တော်အမတ် အစိုးရထံ တိုက်တွန်း

မဲခေါင် 9 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၉ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (ယခင် MFP) မှ နာမည်ကြီး လွှတ်တော်အမတ် ရန်ဆီမန်ရုမ်းက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူကို ဖမ်း၀ရမ်းထုတ်သည့် စာသားနှင့်ပုံတင်ပြီး ထိုင်းအစိုးရအနေဖြင့် ကျားဖြန့်နှိမ်နင်းနေရာမှာ ယခုလောက်နှင့် မရဘဲ အဓိကခေါင်းဆောင် စောချစ်သူကို ဖမ်းဆီးသင့်ကြောင်း တိုက်တွန်းရေးသားသည်။ မင်းအောင်လှိုင်နှင့်နီးစပ်သည့် ထွန်းမင်းလတ်ကိုလည်း မူးယစ်ဆေးမှ ရသည့်ငွေနှင့် တာချီလိတ်တွင် ထိုင်းထံမှ လျှပ်စစ်မီးဝယ်ယူသည်ဆိုသော စွဲချက်ကို အထောက်အထားများနှင့် တင်ပြကာ ဖမ်းဆီးစေနိုင်ခဲ့သူ (သို့သော် ထိုင်းတရားရုံးမှ လွှတ်ပေး) ရန်ဆီမန်ရုမ်းက ဖေဖော်ဝါရီ ၉ ရက်၌ ဖေ့စ်ဘုတ်တင် ရေးတင်ခဲ့ရာမှာ စောချစ်သူ သည်ကျားဖြန်လုပ်ငန်းများ၏ အဓိက

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (ယခင် MFP) မှ နာမည်ကြီး လွှတ်တော်အမတ် ရန်ဆီမန်ရုမ်းက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူကို ဖမ်း၀ရမ်းထုတ်သည့် စာသားနှင့်ပုံတင်ပြီး ထိုင်းအစိုးရအနေဖြင့် ကျားဖြန့်နှိမ်နင်းနေရာမှာ ယခုလောက်နှင့် မရဘဲ အဓိကခေါင်းဆောင် စောချစ်သူကို ဖမ်းဆီးသင့်ကြောင်း တိုက်တွန်းရေးသားသည်။

မင်းအောင်လှိုင်နှင့်နီးစပ်သည့် ထွန်းမင်းလတ်ကိုလည်း မူးယစ်ဆေးမှ ရသည့်ငွေနှင့် တာချီလိတ်တွင် ထိုင်းထံမှ လျှပ်စစ်မီးဝယ်ယူသည်ဆိုသော စွဲချက်ကို အထောက်အထားများနှင့် တင်ပြကာ ဖမ်းဆီးစေနိုင်ခဲ့သူ (သို့သော် ထိုင်းတရားရုံးမှ လွှတ်ပေး) ရန်ဆီမန်ရုမ်းက ဖေဖော်ဝါရီ ၉ ရက်၌ ဖေ့စ်ဘုတ်တင် ရေးတင်ခဲ့ရာမှာ စောချစ်သူ သည်ကျားဖြန်လုပ်ငန်းများ၏ အဓိက ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း၊ တရုတ်ကျားဖြန်သမားများကို စောချစ်သူ ကိုယ်တိုင်ခေါ်ယူကာ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟန်ပြပြီး ထိုင်းသာမက တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေသည့် ဒုစရိုက်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံခဲ့သူဖြစ်ကြောင်း၊ ငွေသာလိမ်သည်မဟုတ်ဘဲ လူများကို ကျွန်များသဖွယ် ရက်စက်စွာ ဖမ်းဆီးနှိပ်စက်ခိုင်းစေသူဖြစ်ကြောင်း၊ မီးဖြတ်၊ ဆီဖြတ်ယုံဖြင့် ကျားဖြန့်နှိမ်နင်းမှုများနှင့် အဆိုပါ ဒုစရိုက် ဂိုဏ်းများကိစ္စ အဆုံးသတ်သွားမည်မဟုတ်ကြောင်း၊ ထိုင်းအစိုးရက စောချစ်သူကို ဖမ်းဆီးနိုင်မှသာ ဖြစ်မည်ဟု ရန်ဆီမန်ရုမ်းက ရေးသားထားသည်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့အတွင်းမှ အကြီးတန်းအရာရှိများစွာ၊ အထူးသဖြင့် ရဲတပ်ဖွဲ့အကြီးတန်းအရာရှိများစွာသည်လည်း စောချစ်သူ၏ ကျားဖြန်လုပ်ငန်းများနှင့် ပတ်သက်ကာ စီးပွားဖြစ်နေသည်ကို ငွေကြေး စီးဆင်းမှုများအရ သိထားရပြီး စောချစ်သူထံတွင် ထိုင်းမှ မည်သည့် အကြီးအကဲများ ဒုစရိုက်ကွန်ရက်ထဲ ပါဝင်နေသည်ဆိုသော အထောက်အထား အချက်အလက်များစွာလည်း ကိုင်ထားသဖြင့် စောချစ်သူကို မိလျှင် ခဲတစ်လုံးနှင့် ငှက် တစ်ကောင်သာမက၊ ၁၀ ကောင်သာမက အကောင် ၁၀၀ အထိ ထိမှန်စေရန် ပစ်ခတ်ခြင်းဖြစ်မည်ဟု ရန်ဆီမန်ရုမ်းက တိုက်တွန်းရေးသားသွားခဲ့သည်။

BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်မောင်ဇော်ကလည်း ထိုင်းမီဒီယာတွင် မိမိတို့ BGF သည် ဒေသတွင်း ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လာမှသာလျှင် ပြည်သူများ အလုပ်အကိုင်ရရှိစေရေး၊ ကရင်ပြည်နယ် တွင် အခြေခံ အဆောက်အအုံအလုပ်အကိုင်များ၊ လမ်းများ ကောင်းမွန်လာရေးကို ရည်ရွယ်ကာ တရုတ်သူဌေး နှင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ကာစီနိုနှင့်ဖျော်ဖြေရေးလုပ်ငန်းအဖြစ် ငှားရမ်းခဲ့ခြင်းသာဖြစ်ပြီး နောက်မှ ကျားဖြန့်လုပ်နေမှန်း သိလာရကြောင်း၊ ထိုစီမံကိန်းမှ ရရှိသော ငွေကြေးနှင့် ဒေသတွင်း အခြေခံအဆောက်အအုံ များ တိုးတက်ထွန်းကာလာခြင်းကြောင့် ကျားဖြန်လုပ်ငန်းများမှာ လက်ရှိတွင် မိမိတို့ ထိန်းချုပ်နယ်မြေ တစ်ခု တည်း၌သာမဟုတ်တော့ဘဲ များစွာ ပွားများလာသောကြောင့် တစ်ဖွဲ့တည်း မတိုက်ဖျက်နိုင်ဖြစ်နေရသည်ဟု ဖွင့်ဟသွားခဲ့သည်။

ကိုကလင်း
Ref: Amarin News
#MeKongNews
#ကျားဖြန့်
#စောချစ်သူ
#BGF
#နှိမ်နင်းရေး
#ရန်ဆီမန်ရုမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now