မြ၀တီကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ငါးယောက်ကို ထိုင်း ဖမ်းဆီး
မဲခေါင်၊ ဇန်နဝါရီ ၃၁
တရုတ်-ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး မြ၀တီကျားဖြန်လုပ်ငန်း နှိမ်နင်းမှု စစ်ဆင်ရေးစတင်နေပြီဖြစ်ရာမှာ ဇန်နဝါရီ ၃၀ ညပိုင်းမှာ မြ၀တီဘက်က သောင်ရင်းမြစ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာသူ တရုတ်နိုင်ငံသား ၅ ယောက်ကို ထိုင်းဘက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
၅ ယောက်စလုံးဟာ ပတ်စ်ပို့တ်မရှိတဲ့ တရုတ်နိုင်ငံသားအမျိုးသား လူငယ်တွေဖြစ်ပြီး မြ၀တီမှာ အလုပ်လုပ်နေရာက တရုတ်နိုင်ငံကို ပြန်ချင်တာကြောင့် ကမ်းခိုးကူးလာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုပြီး မဲဆောက်ရဲစခန်းကို ခေါ်ယူကာ ဆက်လက်စုံစမ်းအရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီ တရုတ်နိုင်ငံသား ၅ ယောက်ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်ပ ခရိုင်ခွဲဘက်ကို ကမ်းခိုးကူးဝင်ရောက်လာတာ ဖြစ်ပြီး ထိုင်းလုံခြုံရေးအဖွဲ့တွေက ကင်းလှည့်စောင့်ကြပ်ရင်း ဖမ်းဆီးရမိတာဖြစ်ကြောင်း မဲဆောက် သတင်းရင်းမြစ် တစ်ခုက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF က တရုတ်ဆိုက်တွေမှာ ပိတ်မိနေတဲ့ သူတွေကို ခေါ်ထုတ်ပြီး ထိုင်းဘက်ကို လွှဲပြောင်းပေးအပ်မှု လုပ်ရာမှာ စစ်ကောင်စီဘက်က တားမြစ်လိုက်လို့ အယောက် ၆၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားရကြောင်း ထိုင်းသတင်းတစ်ခုမှာ ရေးသားပါတယ်။
မြ၀တီကျားဖြန်လုပ်ငန်းတွေဟာ တရုတ်နဲ့ ထိုင်းပူးပေါင်းတိုက်ဖျက်မှု စစ်ဆင်ရေးကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူဘက်ကို ရွှေ့ပြောင်းအချေချမှုများနေတယ်လို့လည်း ထိုင်မီဒီယာ The Reporters က ဖော်ပြခဲ့ပါတယ်။
Ref: Addy Chaiyadech
MKF-001
#MeKongNews









