ဒေသတွင်းသတင်း

KIA နဲ့ TNLA အငြင်းပွားနေတဲ့ကိစ္စ နယ်မြေတာဝန်ခံအဆင့်တွေ ဆွေးနွေးနေ

မဲခေါင် 29 Jan - 2025
KIA နဲ့ TNLA အငြင်းပွားနေတဲ့ကိစ္စ နယ်မြေတာဝန်ခံအဆင့်တွေ ဆွေးနွေးနေ

KIA နဲ့ TNLA အငြင်းပွားနေတဲ့ကိစ္စ နယ်မြေတာဝန်ခံအဆင့်တွေ ဆွေးနွေးနေ

မဲခေါင်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်မြောက်ပိုင်း၊ မြို့နယ်တချို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေအကြား နယ်မြေအငြင်းပွားကိစ္စနဲ့ပတ်သက်ပြီးအကြီးအကဲပိုင်းတွေ တွေ့ဆုံဆွေးနွေးဖို့ရှိတယ် အမည်မဖေါ်လိုတဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

လက်ရှိမှာ ရှမ်းပြည်မြောက်ပိုင်းရှိ KIA နယ်မြေတာဝန်ရှိသူတွေနဲ့ TNLA က နယ်မြေတာဝန်ရှိသူတွေ နှစ်ဖက်ဆက်သွယ်ဆွေးနွေးနေတာတွေရှိပြီး အကြီးအကဲပိုင်းတွေ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“အထက်လူကြီးတွေ ညှိနှိုင်းလို့ ပြေလည်နိုင်ရင်တောင် အောက်လက်ငယ်သားတွေကတော့ ဒီလိုအသေးအမွှားလေးတွေက ဖြစ်နေမှာပဲ၊ ဘာလို့ဆို သူတို့နှစ်ဖွဲ့ထိန်းချုပ် နယ်မြေ တွေက အရမ်းကိုနီးကပ်နေတာကြောင့်လေ”လို့ မဲခေါင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာအတွင်းမှာရှိတဲ့ KIA ဂိတ်စခန်းကို TNLA ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖို့ လုပ်ဆောင်တာကြောင့် နှစ်ဘက်အခြေအနေ တင်းမာမှုတွေဖြစ်ပွားခဲ့ပါတယ်။

ဒီအပြင် နမ့်ခမ်းမြို့နယ်၊ မုံးဝီးဒေသမှာရှိတဲ့ KIA ဂိတ်စခန်းတွေကို TNLA တပ်တွေက အင်အားသုံး ဖယ်ရှားခိုင်းတာကြောင့် နှစ်ဖက် အပြန်အလှန်ထိုးကြိတ်တဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်၊ အဲ့ဒီ ရုပ်သံ ဗွီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့ပါတယ်၊ လက်နက်အသုံးမပြုပဲ လက်သီးချင်းယှဥ◌်ထိုးအပြီးမှာ နှစ်ဦးလုံးလက်ဆွဲ နှုတ်ဆက်ပြီး ပွေ့ဖက်ကြတဲ့အပေါ် ပြည်သူတချို့က ချီးကျူးမှုတွေရှိနေပါတယ်။

“အဲဒါက ပြဿနာတစ်ခုလုံးပြေလည်သွားတာမဟုတ်ဘူး၊ ခဏချစ်ကြည်ရေး ယူလိုက်တာမျိုးပေါ့၊ မြေပြင်မှာက အခြေအနေပိုဆိုးလာတဲ့အနေအထားပဲ”လို့ ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး မုံးကိုး၊ နမ့်မို၊ နမ့်ဖတ်ကာ၊ မိုင်းဝီ၊ မန်တုံ မိုးမိတ်ကြားရှိ ဂိတ်တွေနဲ့ နမ္မတူ-ဘော်တွင်း အနီးဝန်းကျင်မှာ KIA နဲ့ TNLA နှစ်ဖက်ပွတ်တိုက်မှုတွေကတဆင့် အပြန်အလှန်ဂိတ်တွေပိတ်ဆို့တာတွေအထိ လုပ်ဆောင်လာကြပါတယ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဗဟိုကော်မတီဥက္ကဌနဲ့ တအာင်း(ပလောင်း)ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ ဥက္ကဌတို့ဟာ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်က တော်လှန်ရေးအခြေခံ ဒေသတစ်နေရာမှာ ညီညွတ်ရေး မဟာမိတ် စာချုပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားကြပါတယ်။

နှစ်ဖက်တန်တူရေးမူအပေါ်အခြေခံဆက်ဆံပြီး တစ်ဖွဲ့ရဲ့အကျိုးကို တစ်ဖွဲ့ကအားပေးထောက်ခံ ကူညီယိုင်းပင်ကြသလို လိုအပ်ပါက ညှိနှိုင်းစစ်ဆင်ရေး၊ ပူးတွဲစစ်ဆင်ရေးနဲ့ ရန်သူ့သတင်းဖလှယ်ရေးပြုလုပ်ရုံသာမက နယ်မြေခိုလှုံခွင့်၊ ဖြတ်သန်း သွားလာလှုပ်ရှားခွင့်ကိုလည်း သက်ဆိုင်ရာနယ်မြေတွေကို အကြောင်းကြားကာပြုလုပ်သွားမှာဖြစ်တယ်လို့ မဟာမိတ်စာချုပ်မှာပါဝင်ပါတယ်။

လက်ရှိနယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး နှစ်ဖက်သက်ဆိုင်ရာခေါင်းဆောင်တွေက အပြန်အလှန်ဆက်သွယ်ပြောဆိုထား ကြတာတွေရှိသလို လူချင်းတွေ့ဆုံဆွေးနွေးဖို့လည်းရှိနေတယ်လို့ သိရပေမယ့် အခြေအနေအသေးစိတ်ကိုတော့ နှစ်ဖက်တပ် ဖွဲ့တွေက သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်နဲ့ လွယ်ဂျယ်မြို့တို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မဘိမ်းမြို့၊ နမ့်ဖက်ကာမြို့တို့ကို KIA ထိန်းချုပ်ထားပြီး ဗန်းမော်မြို့ကို သိမ်းပိုက်ဖို့ဆက်လက်တိုက်ခိုက်နေပါတယ်။

TNLA မှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ သီပေါမြို့နယ်အပြင် မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းယူထားပြီး နောင်ချို မြို့နယ်မှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

CJ-017
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now