နေ့စဥ်သတင်း

ကျားဖြန့်လုပ်ငန်းတွေ အိမ်နီးချင်းနိုင်ငံက လာလုပ်နေတာဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် ထိုင်းကာကွယ်ရေးကြီးဌာန ငြင်း

မဲခေါင် 23 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၃ တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံပူးပေါင်းပြီး တရားမဝင်အွန်လိုင်းလောင်းကစား၊ လူမှောင်ခို၊ မူးယစ်မှောင်ခို၊ ကျားဖြန်ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်လို့ ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့အရေး ကူမင်းမှာ အစည်းအဝေး ပြုလုပ်သဘောတူညီခဲ့ပြီးနောက် စစ်ကောင်စီသတင်းစာမှာ ဒီလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတာ အိမ်နီးချင်းနိုင်ငံတွေကနေ လာလုပ်နေတာလို့ စွပ်စွဲမှုဟာ ထိုင်းကို ရည်ညွှန်းသလိုဖြစ်နေတဲ့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ငြင်းချက်ထုတ်ပြန်သွားပါတယ်။ ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲတွေနဲ့ စစ်ကောင်စီ ဒုချုပ် စိုးဝင်းအပါ မြန်မာစစ်တပ်အကြီးအကဲတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်မှာ ဒီအရေး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက် မြန်မာ့အလင်းသတင်းစာမှာ ဒီလို နယ်စပ်ဖြတ်ကျော်

မဲခေါင်၊ ဇန်နဝါရီ ၂၃

တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံပူးပေါင်းပြီး တရားမဝင်အွန်လိုင်းလောင်းကစား၊ လူမှောင်ခို၊ မူးယစ်မှောင်ခို၊ ကျားဖြန်ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်လို့ ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့အရေး ကူမင်းမှာ အစည်းအဝေး ပြုလုပ်သဘောတူညီခဲ့ပြီးနောက် စစ်ကောင်စီသတင်းစာမှာ ဒီလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတာ အိမ်နီးချင်းနိုင်ငံတွေကနေ လာလုပ်နေတာလို့ စွပ်စွဲမှုဟာ ထိုင်းကို ရည်ညွှန်းသလိုဖြစ်နေတဲ့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ငြင်းချက်ထုတ်ပြန်သွားပါတယ်။

ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲတွေနဲ့ စစ်ကောင်စီ ဒုချုပ် စိုးဝင်းအပါ မြန်မာစစ်တပ်အကြီးအကဲတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်မှာ ဒီအရေး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက် မြန်မာ့အလင်းသတင်းစာမှာ ဒီလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ မြန်မာဘက်ခြမ်းမှာ ဖြစ်ပွားနေမှုဟာ အိမ်နီးချင်းနိုင်ငံတွေဘက်က ထောက်ပံ့နေမှု၊ ပါဝင်ပတ်သက်နေမှုတွေကြောင့် ဖြစ်တယ်လို့ အာဘော်အနေနဲ့ ထည်သွင်းဖော်ပြသွားမှုကို ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး သာနာသစ် ဆာ၀န်ဆာအန်းက ငြင်းချက် ထုတ်ပြန်သွားတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ နှစ်ဘက် စစ်တပ်အကြီးအကဲတွေ တွေ့ဆုံမှုဟာ နှစ်နိုင်ငံစလုံးရဲ့ လုံခြုံရေးကိုပါ အန္တရာယ် ပြုလာတဲ့ တရားမဝင်လောင်းကစား၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန်)၊ လူမှောင်ခို၊ တရားမဝင် ငါးဖမ်းမှုတွေကို အတူတကွ အနီးကပ်ပူးပေါင်း ဖြေရှင်းသွားဖို့ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ မူဝါဒဟာ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြသလို ဒီလို တရားမဝင် ရာဇဝတ်မှုတွေအပေါ် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ထောက်ပံ့ ပေးနေမှု၊ မသိကျိုးကျွံမျက်ကွယ်ပြုထားမှု လုံး၀မရှိဘူးလို့ ဆိုပါတယ်။

တကယ်လို့ ထိုင်းဘက်က လူတွေ ကျူးလွန်နေတာ ဖော်ထုတ်နိုင်ခဲ့ရင်လည်း ထိုင်းအစိုးရဟာ မြန်မာနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်လို့ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတိုင်းနဲ့ ပိုမိုပူးပေါင်းပြီး ဒေသတွင်းက ပြည်သူ တွေ လုံခြုံရေးအတွက် ဖန်တီးပေးရာမှာ အကြံပေးမှုတွေကိုလည်း နားထောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ပြောဆိုသွားပါတယ်။

Ref: matichon
MKF-001
#MeKongNews
#ကျားဖြန့်
#စစ်ကောင်စီ
#သတင်းစာ
#မီဒီယာ
#ထိုင်း
#နယ်စပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now