စစ်ရေးသတင်း

လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းအပေါ် မြို့နေဒေသခံတွေ စိုးရိမ်နေ

မဲခေါင် 22 Jan - 2025
လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းအပေါ် မြို့နေဒေသခံတွေ စိုးရိမ်နေ

လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းအပေါ် မြို့နေဒေသခံတွေ စိုးရိမ်နေ

စစ်ကောင်စီက ကုန်သွယ်ခွန် ၇၀ ရာခိုင်နှုန်းရယူမယ့်ကိစ္စ ထပ်မံဆွေးနွေးဖို့အစီအစဉ်ရှိ

မဲခေါင်၊ ဇန်နဝါရီ ၂၂

အပစ်ရပ်သဘောတူညီချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုအပေါ် မြို့နေဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအရ လက်ရှိစစ်ကောင်စီနဲ့ MNDAA တို့ သဘောတူညီချက်ဟာ နှစ်ဖက်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးကိုသာ ကနဦးလက်မှတ်ရေးထိုးထားတာဖြစ်ပြီး ကျန်အချက် အလက်တွေကတော့ ဆက်လက်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ရှိနေသေးတယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ ဒီအပေါ်တော့ မြို့ခံအားလုံးမှာစိုးရိမ်မှုတွေ ရှိနေကြတယ်၊ အခု သိန္နီမှာဝိုင်ဖိုင်တွေ ဆက်သွယ်ရေးလိုင်းတွေလည်း ပြန်ရနေပြီ၊ လမ်းတွေပြုပြင်နေတယ်၊ လျှပ်စစ်မီး သွယ်တန်းတာတွေ လုပ်နေပြီ၊ လားရှိုးဆိုရင်လည်း မြို့သန့်ရှင်းရေးအတွက် တရုတ်ဘက်က အမှိုက်ပုံးတွေ၊ သန့်ရှင်းရေး ပစ္စည်းတွေရောက်လာပြီ၊ ဒီအခြေအနေမှာအားလုံးကအကောင်းဘက်ကိုပဲမျှော်လင့်ကြတယ်”လို့ သူကပြောပါတယ်။

MNDAA အနေနဲ့ လားရှိုးကနေပြန်လည်ဆုတ်ခွါပေးမယ်ဆိုရင် စစ်တပ်ကပြန်လည်ဝင်ရောက်လာတဲ့အခါ သီပေါ၊ ကျောက်မဲ၊ နောင်ချိုကို ပြင်ဦးလွင်က စစ်တပ်နဲ့ လားရှိုးစစ်တပ်က ကြားညှပ်တိုက်ခိုက်ရင် TNLA ဘက်က စစ်ရေးအရခက်ခဲသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။

“ လားရှိုးကိုပဲပြန်ပေးမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးပေါ့လေ၊ တကယ်လို့ ပြန်ဆုတ်ပေးလိုက်မယ် ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းပြန်ပစ်ရမယ့် အနေအထားဖြစ်နေပြီ” လို့သူကပြောပါတယ်။

လက်ရှိလားရှိုးမြို့မှာ ပြန်လည်ထူထောင်ရေးတွေမှာ ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေ၊ မြို့လုံခြုံရေးတာဝန်ထမ်းဆောင်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာကြောင့် MNDAA အနေနဲ့ လားရှိုးမြို့ကိုစစ်ကောင်စီလက်အတွင်း ပြန်လည်ပေးအပ်လိုက်ပါက ဒီလူတွေအကုန်ဒုက္ခရောက်သွားနိုင်တယ်လို့ လားရှိုးမြို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“အပစ်ပဲရပ်တာပါ၊ လားရှိုးကနေပြန်မဆုတ်ပါဘူး”လို့ MNDAA လားရှိုးမြို့ပြန်လည်ထူးထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က MNDAA သိမ်းထားတဲ့ လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက သိန္နီ၊ ကွမ်လုံစတဲ့ မြို့နယ်တွေကနေပါ မဟာမိတ်တပ်တွေပြန်လည်ဆုတ်ခွာပေးဖို့၊ အခွန်ကောက်ဂိတ်တွေမှာ စစ်ကောင်စီအရာရှိတွေ ပြန်လည်ကြီးကြပ်ခွင့်ပေးဖို့နဲ့ ကိုးကန့်တပ်တွေ အထူးဒေသ (၁) မှာသာ အုပ်ချုပ်ဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ မဲခေါင်ရဲ့သတင်းရင်းမြစ်ထံက သိရပါတယ်။

“သူတို့ ပြန်ဆွေးနွေးဖို့ရှိမယ်၊ အခုက အပစ်ရပ်တစ်ခုတည်းကိုပဲ လက်မှတ်ရေးထိုးလိုက်တာ၊ အခွန်ကိစ္စတွေကတော့ နောက်ပိုင်း သူတို့ ပြန်ဆွေးနွေးဖို့ရှိတဲ့အခြေအနေပေါ့၊ လောလောဆယ် အပစ်ရပ်ဖို့ပဲသဘောတူလိုက်တဲ့သဘောပါ”လို့ MNDAA နဲ့ နီး စပ်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ပြန်လည်ဆွေးနွေးရာမှာ စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ ကူးမင်းအပစ်ရပ်သဘောတူညီချက်အရ အထူးဒေသ (၁) ရှိ တရုတ်နယ်စပ်ဂိတ်တွေကတဆင့် မြန်မာ-တရုတ်ကုန်သွယ် အခွန်းအခတွေကို စစ်ကောင်စီဘက်က ၇၀ ရာခိုင်နှုန်းရယူပြီး MNDAA ဘက်က ၃၀ ရာခိုင်နှုန်း ရယူဖို့နဲ့ ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေ လဲလှယ်ဖို့ စတဲ့အချက်တွေကို တရုတ်နိုင်ငံကဦးဆောင်ပြီး ဆက်လက်ဆွေးနွေးသွားနိုင်ခြေရှိတယ်လို့ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲက သိမ်းပိုက်နိုင်ဖို့အတွက် ကိုးကန့်တပ်တစ်ခုတည်းမဟုတ်ပဲ မဟာမိတ်တပ်ဖွဲ့ဝင်တွေ၊ PDF ရဲဘော်တွေ တိုက်ပွဲအတွင်းအများအပြားပါဝင်ခဲ့သလို ကျဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ဒီအပြင် လက်ရှိစစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးဟာ MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းသာဖြစ်ပြီး မဟာမိတ်တွေဖြစ်ကြတဲ့ တအာင်းလွတ်မြောက်ရေးတပ် မတော် -TNLA နဲ့ အာရက္ခတပ်မတော် -AA တို့မပါဝင်တာကြောင့် စစ်ကောင်စီအနေနဲ့ အချိန်မရွေး လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်နိုင်တာကြောင့် မဟာမိတ်ညီနောင်သုံးဖွဲ့ အနေနဲ့လက်ရှိအခြေအနေကို သေချာဆွေးနွေးအဖြေရှာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၈ ရက်ထိ တရုတ်နိုင်ငံ၊ ကူးမင်းမှာအပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ကြေညာခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲကြောင်း တရုတ်နိုင်ငံဘက်ကထုတ်ပြန်ပြီးနောက် တချိန်တည်းမှာဘဲ “ဝ” နယ်စပ်က နမ့်တစ်ဂိတ်၊ ကိုးကန့်နယ်စပ်က ချင်းရွှေဟော်ဂိတ်နဲ့ ကြားထဲက ရန်လုံကျိုင်းဂိတ်တို့ကို တရုတ်ဘက်က ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။

အခုလိုတရုတ်နယ်စပ်ဂိတ်တွေက ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ ပြန်လည်ဝင်ရောက်လာပေမယ့် လားရှိုးမြို့ ကုန်ဈေးနှုန်းကတော့လသိသိသာသာ ကျဆင်းပြောင်းလဲတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကိုးကန့်တပ်-MNDAA ဟာ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်မှာ စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ကိုအပြီးသတ် သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

CJ-017
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now